ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

လျစ်လျူရှု ခံရ၍ စိတ်ဖိစီးကာ ကိုယ့်ကိုကိုယ် အမွှေးနှုတ်ခဲ့တဲ့ ကြက်တူရွေး




ပိုင်ရှင်ရဲ့ လျစ်လျူရှုမှုကို ခံခဲ့ရတဲ့ ကြက်တူရွေးလေးဟာ စိတ်ဖိစီးမှုတွေ ဖြစ်ခဲ့ပြီး ကိုယ့်ကိုကိုယ် အမွှေးတွေ ပြန်နှုတ် ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေကို မှားယွင်းစွာဆက်ဆံတာ၊ လျစ်လျူရှုတာတွေ လုပ်ထားတဲ့အခါ သူတို့မှာ စိတ်ဖိစီးမှုတွေ ဖြစ်တတ်တယ်ဆိုတဲ့ တိရိစ္ဆာန်ကျန်းမာရေးအချက်ကို အိမ်မွေး တိရိစ္ဆာန်ပိုင်ရှင်တိုင်း သိထားသင့်ပါတယ်။

ဟော်ဘီလို့ မှည့်ခေါ်ထားတဲ့ ကြက်တူရွေးလေးဟာ စိတ်ဖိစီးမှုတွေကြောင့် သူ့မှာရှိတဲ့ အမွှေးအားလုံးနီးပါးကို နှုတ်ပစ်ခဲ့ပါတော့တယ်။

အလိုမရှိခြင်းကို ခံရတဲ့ အိမ်မွေးတိရိစ္ဆာန်လေး ဟော်ဘီဟာ တက္ကဆက်ပြည်နယ်၊ ကန်းဆက်မှာရှိတဲ့ တိရိစ္ဆာန်ဘေးမဲ့စခန်းကို ရောက်လာခဲ့ပါတယ်။ သူ့ကိုယ်မှာ ဆေးလိပ်ချိုးနံ့တွေနဲ့ ပုတ်ပွနေတဲ့ အမှိုက်တွေနဲ့ လို့ အဲ့ဒီ့က ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

Tallgrass ကြက်တူရွေးဘေးမဲ့စခန်းက ကယ်ဆယ်ရေးသမားတွေဟာ ဒီကြက်တူရွေးမလေးကို Javi ဆိုပြီး နာမည်ပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသံထွက်ဖတ်မယ်ဆိုရင်တော့ ဟာဗီး ပေါ့။

ခုတော့ ဟာဗီးဟာ ရေးချိုးပေးခံရပြီး လတ်ဆတ်တဲ့ အသီးအနှံတွေ စားနေရပြီး ဘဝသစ်နဲ့ သဟဇာတဖြစ်အောင် ပြောင်းလဲနေထိုင်နေပါတယ်။ ဟာဗီးရဲ့ တိုးတက်မှုအဆင့်ဆင့်ကို ဘေးမဲ့စခန်းက ဝန်ထမ်းတွေက update တွေအမြဲတင်နေတယ်လို့ သိရပါတယ်။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_6.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment