ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

တစ်နေ့ ၆နာရီနှုန်း မတ်တပ်ရပ်ပေးခြင်းက ခန္ဓာကိုယ် အဆီကို သုံးပုံ တစ်ပုံ ကျစေနိုင်




တစ်နေ့ ကို အချိန်ကြာကြာ ထိုင်ခြင်းက သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင် ပါတယ်။ အချိန် အတော်ကြာ မထဘဲ ထိုင်ခြင်းဟာ ဆေးလိပ်သောက်ခြင်း လိုပဲ သင့်သက်တမ်းရဲ့ နှစ်တော်တော် များများကို ဖဲ့ယူ ပစ်နိုင်ပါတယ်။

အခုအခါ တက္ကဆက်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ တစ်နေ့ ကို ခြောက်နာရီအထိ မတ်တပ်ရပ်ပေးခြင်းက ခန္ဓာကိုယ်အဆီပမာဏ သုံးပုံ တစ်ပုံကို လျော့ချပေးနိုင်ကြောင်း တွေ့ ရှိခဲ့ပါတယ်။

တစ်နေ့ တာရဲ့ လေးပုံတစ်ပုံ၊ ခြောက်နာရီလောက်ကို အလုပ်သွားတဲ့ဘတ်စ်ကား ဒါမှမဟုတ် ရထားပေါ်၊ တီဗီရှေ့ နဲ့ သင့်အလုပ်စားပွဲရှေ့ တို့ မှာ မတ်တပ်ရပ်ပေးခြင်းက အ၀လွန်နိုင်ခြေကို ၃၂ ရာခိုင်နှုန်းတိတိ လျှော့ချပေးနိုင်ပါတယ်။

အမေရိကန်သုတေသနသိပ္ပံပညာရှင်တွေဟာ အရွယ်ရောက်ပြီးသူပေါင်း ၇၀၀၀ ကျော်ရဲ့ တစ်နေ့  မှာ မတ်တပ်ရပ်နေတတ်တဲ့အမူအကျင့်နဲ့ BMI (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း) ၊ ခန္ဓာကိုယ်အဆီရာခိုင်နှုန်း နဲ့  ခါးဆိုက်တို့ ကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။

တွေ့ ရှိချက်အရ တစ်နေ့ ကို ခြောက်နာရီကြာလောက် မတ်တပ်ရပ်ပေးတတ်တဲ့အမျိုးသားတွေဟာ အ၀လွန် နိုင်ခြေ ၃၂ ရာခိုင်နှုန်းလျော့ကျသွားကြောင်း သိရှိခဲ့ရပါတယ်။ တစ်နေ့ တာရဲ့ တစ်ဝက် (၁၂နာရီ) လောက်ကို မတ်တပ်ရပ်ပေးသူတွေမှာ အ၀လွန်နိုင်ခြေ ၅၉ ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။

ဒါပေမယ့် တစ်နေ့ တာရဲ့ အချိန် လေးပုံသုံးပုံကျော် မတ်တပ်ရပ်ပေးသူတွေကတော့ အ၀လွန်နိုင်ခြေနည်းတာနဲ့  ဆက်စပ်မှုမရှိတာကိုလည်း တွေ့ ရှိခဲ့ရပါတယ်။

အမျိုးသမီးတွေမှာဆိုရင်တော့ တစ်နေ့ တာအချိန်ရဲ့ လေးပုံတစ်ပုံ၊ တစ်ဝက် နဲ့  လေးပုံသုံးပုံ မတ်တပ်ရပ်ပေးခြင်းက ခါးအဆီကျဆင်းနိုင်ခြေ ၃၅ ရာခိုင်နှုန်း၊ ၄၇ ရာခိုင်နှုန်းနဲ့ ၅၇ ရာခိုင်နှုန်းတို့ အသီးသီးရှိပါတယ်။

မတ်တပ်ရပ်ပေးခြင်းအပြင် အပေါ့စားကိုယ်လက်လှုပ်ရှားမှုလေးတွေ မိနစ် ၁၅၀ လောက်ပါ ပြုလုပ်ပေးတာက အမျိုးသားကော အမျိးသမီးတွေမှာပါ အ၀လွန်နိုင်ခြေ၊ Metabolic Syndrome ခေါ် ခါးအဆီများခြင်း၊သွေးတိုးဆီးချို၊စတဲ့ ရောဂါလက္ခဏာစုရနိုင်ခြေ တွေ ပိုမိုကျဆင်းသွားကြောင်းကိုလည်း သုတေသနပညာရှင်တွေက လေ့လာတွေ့ ရှိခဲ့ရပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_82.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment