ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

နီကိုတင်း ပမာဏ နည်းတဲ့ ဆေးလိပ်တွေ သောက်ခြင်းဟာ ဆေးလိပ်ဖြတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေ


နီကိုတင်း ပမာဏ နည်းနည်းလေးပဲ ပါဝင်တဲ့ စီးကရက် တွေဟာ စီးပွားဖြစ် ရောင်းချနေတဲ့ ဆေးလိပ် တွေထက် ပိုပြီး ဆေးလိပ် သောက်တတ်သူတွေ ဆေးလိပ်ဖြတ်တဲ့ နေရာမှာ အကူအညီ ပေးနိုင်တယ်လို့ လက်ရှိ လေ့လာမှု တစ်ခုက ဆိုလိုက် ပါတယ်။ ဆိုလိုချင် တာကတော့ ဆေးလိပ် တိုင်းမှာ နီကိုတင်း ပါဝင်တာ ကတော့ ငြင်းလို့ မရပါဘူး။ ဒါပေမယ့်လည်း တစ်ချို့ဆေးလိပ် ဘူးတွေ မှာတော့ "Light" (သို့) "Ultra Light" စသဖြင့် စာသားတွေ ပါဝင်ကြပြီး ထိုစာသားတွေဟာ နီကိုတင်း ပမာဏ နည်းပါး တာကိုပြသ ထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို နီကိုတင်း ပမာဏ နည်းပါးတဲ့ ဆေးလိပ် တွေဟာ ဆေးလိပ် သောက်တတ် သူတွေကို ဆေးလိုက်ဖြတ်နိုင် သွားအောင် ကူညီပေးနိုင်စွမ်း ရှိတာပဲ ဖြစ်ပါတယ်။ အထက်ပါ စာသားမျိုး မပါဝင်တဲ့ စီးကရက်တွေ အားလုံးရဲ့ နီကိုတင်း ပါဝင်မှု ပမာဏ ကတော့ များသော အားဖြင့် တူညီပါတယ်။ တံဆိပ်နဲ့ အမျိုးအစား အပေါ်မူတည်ပြီး အရသာပဲ ကွဲပြား သွားတာ ဖြစ်ပါတယ်။ စွဲလန်းမှု အပေါ်မှာတော့ စစ်မှန်တဲ့ သက်ရောက်မှု တွေ မရှိနိုင်ပါဘူး။ ၂ နှစ်ကြာလေ့လာ ခဲ့တယ်ဆိုတဲ့ ပြီးခဲ့တဲ့ လေ့လာမှု တစ်ခုမှာတော့ နီကိုတင်း ပမာဏ နည်းတဲ့ စီးကရက် တွေဟာ လူတွေကို ဆေးလိပ် လျှော့သောက်အောင် ပင်မလုပ်နိုင် ဘူးလို့ ဆိုထား ခဲ့ပေမယ့် ဒီ လေ့လာမှု မှာတော့ နီကိုတင်း ပမာဏ နည်းလေလေ ဆေးလိပ်ဖြတ်နိုင်ဖို့ အခွင့်အလမ်း များလေလေပဲ ဖြစ်တယ် ဆိုတာကို သက်သေပြနိုင် ခဲ့ပါပြီ။ Pittsburgh တက္ကသိုလ်မှာရှိတဲ့သုတေသီတွေဟာ တစ်နေ့ကို စီးကရက် ၅ လိပ် အနည်းဆုံး သောက်တတ်သူ ၈၅၀ ယောက်တို့ကို သူတို့သောက်နေကြဆေးလိပ်တွေလည်း သောက်ခိုင်းခဲ့သလို ဈေးကွက်ထဲက နာမည်ကျော် တံဆိပ် စီးကရက်တွေကိုလည်း ၆ အပတ် အတွင်းရွေးချယ် သောက်ကြည့် စေခဲ့ကြပါတယ်။ ထို နာမည်ကျော် တံဆိပ် စီးကရက်တွေမှာတော့ ဆေးရွက်ကြီး ၁ ဂရမ်မှာ နီကိုတင်း ၁၅.၈ မီလီဂရမ်ကနေ ၀၄. မီလီဂရမ် ထိ စသဖြင့် နီကိုတင်း ပါဝင်မှု မတူညီကြပါဘူး။ သုတေသီတွေရှာဖွေတွေ့ရှိခဲ့တာကတော့ ဆေးရွက်ကြီး ၁ ဂရမ်မှာ နီကိုတင်း ၀.၄ မီလီဂရမ် ၊ ၁.၃ မီလီဂရမ် နဲ့ ၂.၄ မီလီဂရမ် ခန့်သာ သောက်စေခဲ့သူတွေဟာ သူတို့ နေ့စဉ်သောက်နေကြ ဆေးလိပ်အရေအတွက်ကို ၂၃ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်နိုင်ပြီး ပျမ်းမျှ အားဖြင့် တစ်နေ့ကို ဆေးလိပ် ၁၄ လိပ်နေ ၁၇ လိပ်ထိသာ သောက်ဖြစ်ကြတယ်ဆိုတာပါ။ ဒါပေမယ့် ဆေးရွက်ကြီး ၁ ဂရမ်မှာ နီကိုတင်း ၁၅.၈ မီလီဂရမ် ပါဝင်တဲ့ စီးကရက်တွေကို သောက်ခဲ့ရသူတွေကတော့ သူတို့ သာမန်သောက်နေကြအတိုင်းပဲ တစ်နေ့ကို စီးကရက် ၂၁ လိပ်ကနေ ၂၂ လိပ် ဆက်လက် သောက်ဖြစ်သွားကြပါတယ်။ ဆေးရွက်ကြီး ၁ ဂရမ်မှာ နီကိုတင်း ၅.၂ မီလီဂရမ် ပါဝင်တဲ့ စီးကရက်ကိုသောက်ခဲ့သူကတော့ တစ်နေ့ကို ပျမ်းမျှအားဖြင့် ၂၀.၈ လိပ်ခန့် ဆက်လက်သောက်သုံးနေကြပါတယ်။ ဒါကြောင့် နီကိုတင်းပမာဏ နည်းတဲ့ဆေးလိပ်တွေကို သောက်တဲ့အခါ ဆေးလိပ်ဖြတ်ဖို့ လွယ်ကူသွားပြီး နီကိုတင်းပမာဏ များပြားတဲ့ ဆေးလိပ်တွေကတော့ နီကိုတင်းအနည်းအများနဲ့ မဆိုင်ပဲ ပုံမှန် အရေအတွက် အတိုင်းပဲ ဆက်လက် သောက်ဖြစ်နေတာကိုတွေ့ရမှာပါ။ ဒီလေ့လာမှုကိုတော့ New England Journal of Medicine ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ Original link - http://health.thithtoolwin.com/2015/10/blog-post_3.html

No comments:

Post a Comment