ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 18, 2015

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ တစ်နေ့ ၆ နာရီ ထိုင်ပါက သန္ဓေသားကို ထိခိုက်စေ




ကိုယ်ဝန်ဆောင် အမျိုးသမီး တွေဟာ အထိုင် များရင် သန္ဓေသား အတွက် အန္တရာယ် ရှိတယ်လို့ ကျွမ်းကျင် ပညာရှင်တွေက သတိပေး လိုက်ပါတယ်။

ကိုယ်ဝန် ဒုတိယ သုံးလပတ် အချိန် အတွင်း တစ်နေ့ ၆နာရီ ထိုင်ခြင်းဟာ ကိုယ်အလေးချိန် များစေပြီး ဆီးချို ရောဂါဖြစ်နိုင်ကာ ကလေးမွေးရ ခက်ခဲမှုတွေ ရှိနိုင်ကြောင်း Warwick ဆေးတက္ကသိုလ်မှ သုတေသီတွေက ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

စိတ်ဓာတ်ကျတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အထိုင်များတတ်ကြပြီး အထိုင်များခြင်းက ကိုယ်အလေးချိန်တက်လာကာ ကိုယ်ဝန်ဆောင်သွေးချို အန္တရာယ်များတယ်လို့လည်း ကျွမ်းကျင်ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၂၀၀ ကျော်ကို လေ့လာမှုပြုခဲ့တာပါ။ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Nithya Sukumar ဟာ သူ့ရဲ့ လေ့လာတွေ့ရှိချက်တွေကို အီဒင်ဘတ်မှာလုပ်ခဲ့တဲ့ အန်ဒိုခရင်းဟော်မုန်းဗေဒ ဆေးပညာအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_97.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment