ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 24, 2015

လူသန်းပေါင်း များစွာကို မျှော်လင့်ချက် ရောင်ခြည်သန်းစေတဲ့ မြင်ကွင်းကျယ် မျက်လုံး အစားထိုး ခွဲစိတ်မှု




အမြင်အာရုံ မှုန်ဝါးနေတဲ့ ဗြိတိန်နိုင်ငံသား သန်းပေါင်း များစွာရဲ့ ဘဝတွေကို ပြောင်းလဲ ပေးဖို့အတွက် ပထမဆုံး အကြိမ် 'မြင်ကွင်းကျယ် အမြင် မှန်ဘီလူးတွေနဲ့ အစားထိုး ခွဲစိတ်မှု ပြုလုပ်ခဲ့ ကြပါတယ်။

အသက်အရွယ် အရ မျက်ဆံ အမြင် အာရုံ ကျဆင်းခြင်း (AMD) ဟာ အသက် ၅၅နှစ်ကျော် သက်ကြီးပိုင်းတွေမှာ အမြင်အာရုံ ပျောက်ကွယ်မှုကို ဖြစ်သွား စေပါတယ်။ မျက်ဆံတွင်း ဖြည်းဖြည်းချင်း ချို့ယွင်းလာခြင်းကြောင့်လည်း ဖြစ်ပါတယ်။

အမြင်အာရုံ အသေးစိတ်ကို သိရှိတဲ့ မျက်လုံး အိမ်နောက် ဘက်ခြမ်းမှာ ရှိတဲ့ အလင်း အာရုံခံ ဆဲလ်တွေပါ။

ဒီ ရောဂါဟာ လူတွေရဲ့ ဗဟို အမြင်အာရုံကို တဖြည်းဖြည်းချင်း ဖျက်စီးပါတယ်။ ဗြိတိန်နိုင်ငံသားပေါင်း ၄ သန်း ခန့်ဟာ ဒီရောဂါကို ခံစားနေ ရပါတယ်။ ကုသလို့ မရဘူး ဆိုပေမဲ့ ဆေးဝါးနဲ့ ကုသမှုတွေက ရောဂါတိုးမှုကို နှေးကွေးစေနိုင်ပါတယ်။

၁၀ မိနစ်သာ ကြာမယ့် ဒီမြင်ကွင်းကျယ် မှန်ဘီလူး အစားထိုး ခွဲစိတ်မှုဟာ AMD အလယ်အလတ် အဆင့်နဲ့ အဆင့်မြင့် ဖြစ်နေသူတွေ အတွက် သင့်တော်ပါတယ်။

မျက်လုံး မှန်ဘီလူးတွေမှာ အလင်းရောင် မရတော့တဲ့ လူနာတွေ အတွက်လည်း မှန်ဘီလူး အစားထိုး ခွဲစိတ်မှုကို ပြုလုပ်နိုင် ပါတယ်။ အရင်ကဆို မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_74.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment