ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 21, 2016

HIV ကာကွယ်ဆေး HVTN 100 ကို အာဖရိကတိုက်နိုင်ငံများတွင် စတင်စမ်းသပ်မည်




ပရစ်တိုးရီးယား ၊ ၂၁-၇-၂၀၁၆

တောင် အာဖရိက နိုင်ငံ၌ စမ်းသပ် စစ်ဆေး မှုများ လုပ်ဆောင် ထားသည့် HIV ရောဂါပိုး ကာကွယ် aဆးကို ယခုနှစ် အတွင်း စတင်စမ်းသပ် အသုံးပြုသွားရန် စီစဉ် ထားကြောင်း ဇူလိုင် ၂ဝ ရက် ထုတ်ပြန်ချက် အရ သိရသည်။

HVTN 100 အမည်ရှိ အဆိုပါ ကာကွယ်ဆေးကို ၂ဝ၁၅ ခုနှစ်က ကနဦး စမ်းသပ်ခဲ့ရာ အလားအလာ ကောင်းသော ရလဒ်များ ထွက်ပေါ်ခဲ့ကြောင်း နှင့် ယခုနှစ် နှောင်းပိုင်း တွင် တောင်အာဖရိက နိုင်ငံ၌ စမ်းသပ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

စမ်းသပ် လေ့လာဆဲ ယင်း ကာကွယ်ဆေး သည် RV 144 ဟုခေါ်သည့် HIV ကာကွယ်ဆေးကို ထိုင်းနိုင်ငံ၌ ၂ဝဝ၉ ခုနှစ်တွင် စမ်းသပ် ခဲ့ပြီးနောက် ထပ်မံ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

RV 144 ကာကွယ်ဆေး သည် စမ်းသပ်မှု လုပ်ဆောင်ခဲ့သည့် ၂ဝဝ၉ ခုနှစ်ပြီး နောက် နောက်တစ်နှစ် အကြာတွင် ရောဂါပိုးကို ၆ဝ ရာခိုင်နှုန်း အထိ ပျောက်ကင်း စေနိုင်စွမ်း ရှိကြောင်း၊ သို့သော် သုံးနှစ်ခွဲ ကြာပြီး နောက်တွင်မူ ထိရောက် နိုင်စွမ်းမှာ ၃၁ ရာခိုင်နှုန်း အထိ လျော့ကျခဲ့ကြောင်း သုတေသီ များက ပြောကြားသည်။

ယခု HVTN 100 ကာကွယ်ဆေးသည် ယခင် ကာကွယ်ဆေးထက် အကျိုး အာနိသင် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးခွန်းများစွာ ထွက်ပေါ်လာကြောင်း၊ ထို့ကြောင့် လူ့ခန္ဓာကိုယ် အတွင်းရှိ ခုခံအားစနစ်ကို မြှင့်တင်ရန် အတွက် ယခင် ကာကွယ်ဆေး အား ပြုပြင်မွမ်းမံ ထားကြောင်း ဓာတ်မတည့်မှု နှင့် ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား သိပ္ပံအဖွဲ့
ညွှန်ကြားရေးမှူး အန်တိုနီဖော်ဆီ က ပြောကြားသည်။

အဆိုပါ ကာကွယ်ဆေးကို ၂ဝ၁၅ ခုနှစ် တွင် လူ ၂၅ဝ အားစမ်းသပ် ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ တောင်အာဖရိက နိုင်ငံအတွင်းရှိ မြို့လေးမြို့မှ လူ ၅၄ဝဝ ဦးဖြင့် စမ်းသပ်သွားမည် ဖြစ်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/07/hiv-hvtn-100.html

No comments:

Post a Comment