
၁။ဆေးလိပ် သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် လေပြွန် ရောင်ရမ်း၊ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင် ချေနှင့် အဆုတ်ကို ဆိုးရွားစွာ ထိခိုက် စေနိုင် ပါတယ်။
၂။ ဆေးလိပ် သောက်တာကြောင့် ပျှမ်းမျှ သက်တမ်း ၁၀ နှစ်ပို တိုသွား ပါတယ်။
၃။ဆေးလိပ် သောက်တဲ့ အမျိုးသမီး တွေဟာ ကိုယ်ဝန်ရဖို့ အချိန်ကြာ တတ်ပြီး ကလေး ပျက်ကျနှုန်း များပါတယ်။ လမစေ့ မွေးတာ ဒါမှ မဟုတ် ပေါင်ချိန် မပြည့် မွေးတာတွေ ဖြစ်တတ် ပါတယ်။ ဆေးလိပ် သောက်တဲ့ အမျိုးသား တွေမှာ ပန်းသေ ပန်းညှိုး ဖြစ်တတ် သလို သုတ်ပိုး အရည် အချင်း တွေလည်း ညံ့ဖျင်း တတ်ပါတယ်။
၎။ သင် ဆေးလိပ် သောက်တာကြောင့် သင့်ပတ်ဝန်းကျင်မှ လူတွေ ရောဂါ ရတတ် ပါတယ်။
၅။ ဆေးလိပ် တစ်လိပ်ကို ၁၀၀ ကျပ် ပေးရပါတယ်။ တစ်နေ့ကို ၁၀ လိပ် သောက်မယ် ဆိုရင် တစ်နှစ်စာ အတွက် ၃၆၅၀၀၀ ကျပ် အပိုငွေ ကုန်ပါတယ်။
၆။အရွယ် မတိုင်ခင် အိုစာတာတွေ မဖြစ်ရ လေအောင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ် သောက်တာကြောင့် collagen ထုတ်လုပ်မှု ၄၀% ကျဆင်း သွားပြီး အရွယ် မတိုင်ခင် အရေး အကြောင်းတွေ ပေါ်တတ် ပါတယ်။
၇။ ဆေးလိပ် ဖြတ်တာကြောင့် အနံ့နဲ့ အရသာ အာရုံတွေ ပိုကောင်း သွားပါတယ်။
၈။ ဆေးလိပ် စွဲနေတဲ့ အကျင့်ကို ဖြတ်နိုင် တာကြောင့် မိမိကိုယ် မိမိ ယုံကြည်မှု ပိုရှိ လာပါတယ်။
Health — Nay Myo Shein
Pyi Chit Thar by ပြည်ချစ်သား
Original link - http://www.pyichitthar.com/2015/09/blog-post_863.html
No comments:
Post a Comment