ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

အကိုက်အခဲပျောက်ဆေး တစ်နေ့ တစ်လုံးသောက်ခြင်းက ကိုယ်ဝန် ရစေရန် ကူညီ




အကိုက်အခဲ ပျောက်ဆေး တစ်နေ့ တစ်လုံး သောက်ရင် ကိုယ်ဝန် ရဖို့ကို ကူညီပေး နိုင်တယ်လို့ ကမ္ဘာ့ ထိပ်တန်း ဆရာဝန်တွေက အကြံပြု ခဲ့ပါတယ်။

အကိုက်အခဲ ပျောက်ဆေး ပုံမှန် သောက်သုံး ပေးတာဟာ ကင်ဆာ၊ နှလုံး တိုက်ခိုက်မှုနဲ့ လေဖြတ် ရောဂါ စတဲ့ အန္တရာယ်တွေကို လျော့ကျ စေနိုင်တယ် ဆိုတဲ့ အချက် အလက်တွေလဲ အများကြီး ဖော်ထုတ် ခဲ့ပြီး ဖြစ်ပါတယ်။

အခု မိသားစု တစ်စုကို စပြီး တည်ထောင် တော့မယ့် အမျိုးသမီးတွေ အတွက် သတင်းကောင်းပါ။ အကိုက် အခဲပျောက်ဆေး တစ်နေ့ တစ်လုံး ပုံမှန် သောက်ပေးရင် အချင်းကို ပိုထူ စေပါတယ်၊ ဆဲလ်များ အတွင်း ရောင်ရမ်းမှုကို လျှော့ချ ပေးပါတယ်၊ သွေးလည်ပတ်မှု ကိုလည်း အားကောင်း စေပါတယ်။

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေ အနေနဲ့ အကိုက်အခဲ ပျောက်ဆေးကို တစ်နေ့ တစ်လုံး သောက်ခြင်းဖြင့် ကိုယ်ဝန်ရနိုင်ဖို့ အခွင့် အလမ်း တိုးလာမှာ ဖြစ်ကြောင်း မျိုးပွား ဆေးပညာ အမေရိကန် အသင်းအဖွဲ့ ဒုဥက္ကဌ ဒေါက်တာ Richard Paulson က အကြံပြု ထားပါတယ်။

ယခု လေ့လာ တွေ့ရှိချက် အကြောင်းတွေကို အသင်းအဖွဲ့ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ တင်ပြမှု ပြုလုပ် ခဲ့ပါတယ်။

ကိုယ်ဝန် ပျက်ကျပြီး နောက် တစ်ကြိမ် ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေ အတွက်လည်း အောင်မြင်တဲ့ မွေးဖွားမှုကို ဖြစ်စေနိုင်တဲ့ အထောက်အထား တွေလဲ ရှိပါတယ်။

အကိုက်အခဲ ပျောက်ဆေးမှာ ကိုယ်တွင်း ကိုယ်နာ၊ အစာအိမ် သွေးယိုတာ စတဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိတာကြောင့် အကိုက်အခဲ ပျောက်ဆေးကို နေ့တိုင်း သောက်သုံးမယ့် သူတွေ အနေနဲ့ မိသားစု ဆရာဝန်နဲ့ အရင် တိုင်ပင် ဖို့ကိုတော့ သတိပြု သင့်ပါတယ်။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/10/blog-post_70.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment