ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

Antioxidant အသုံးပြုမှုဟာ ကင်ဆာပြန့်နှံ့မှုကို ပိုမို များပြားစေနိုင်




Antioxidant ဟာ လူတွေရဲ့ကျန်းမာရေးကို ကောင်းမွန် စေတယ်လို့ သိထား ကြပေမယ့် သုတေသန ပညာရှင်တွေဟာ ကြွက်တွေကို လေ့လာရာမှာ ကင်ဆာ ကြီးထွား ပြန့်နှံ့မှုကို ပိုမို များပြား လာစေတာကို တွေ့ရှိခဲ့ ကြပါတယ်။

သုသေသန ပညာရှင်တွေ အဆိုအရ ဒီလေ့လာမှုဟာ ကင်ဆာ ရောဂါဝေဒနာ သည်တွေကို Antioxidants နဲ့ ကုသမှုတွေ ပြုလုပ်တဲ့ အခါ တကယ်တော့ အကျိတ်တွေ ပိုကြီးထွား လာတဲ့ ရလဒ်တွေကို တွေ့ရှိရတဲ့ လေ့လာမှုတွေကို ပိုမို ခိုင်မာစေ ပါသတဲ့။

UT Southwestern Medical Center ရှိ Pediatric Genetics ၏ဥက္ကဌ Mary McDermott Cook နဲ့ CRI ညွှန်ကြားရေးမှူးချုပ် Dr. Sean Morrison တို့က “ ကင်ဆာကျိတ်တွေကို ပြန့်နှံ့စေတဲ့ melanoma cells တွေမှာ Oxidative လို့ခေါ်တဲ့ ဓါတ်တိုးပမာဏ အရမ်းမြင့်နေတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။

ကြွက်တွေမှာ melanoma cells တွေ ပိုပြီးရှင်သန်နိုင်ဖို့အတွက် antioxidants ပမာဏကို ထိန်းချုပ်စီမံခြင်းက ရောဂါပြန့်နှံ့မှုအခြေအနေကို ပိုတိုးလာစေပါတယ်” လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

မူလကင်ဆာကျိတ်ကနေ ခန္ဓာကိုယ်အတွင်း အခြားနေရာတွေကို ပြန့်နှံ့ခြင်းဟာ တစ်ခါတစ်ရံမှာ မထိရောက်တဲ့ အခါ ကင်ဆင်ဆဲလ်တွေဟာ သွေးကြောတွေထဲမှာ ရှင်သန်နိုင်ခြင်းမရှိကြပါဘူး။

UT က သုတေသန ပညာရှင်တွေဟာ လူတွေမှာရှိတဲ့ melanoma cells တွေကို ကြွက်တွေ ဆီမှာ ကူးပြောင်း ထားပြီး အချို့ကို antioxidants နဲ့ ကုသပြီး အချို့ကိုတော့ ပုံမှန် ကုသကာ ရောဂါပြန့်နှံ့နှုန်းကို ကာကွယ်ဖို့ စမ်းသပ် ခဲ့ကြပါတယ်။

antioxidants နဲ့ ကုသခံရတဲ့ ကြွက်တွေရဲ့ ကင်ဆာဖြစ်ပွားပြန့်နှံ့နှုန်းဟာ အခြားကြွက်တွေထက် ပိုပြီးမြန်ဆန်နေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/10/antioxidant.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment