
ဝိုင်သောက်တဲ့ သူတွေဟာ ဒူးခေါင်း အဆစ် အမြစ် ရောင်ရမ်း နာကျင်ခြင်း ဝေဒနာ ကို ခံစားရဖို့ အခွင့်အလမ်း နည်းပေ မယ့်လည်း ဘီယာ သောက်တဲ့ သူတွေကတော့ အဆစ်အမြစ် ရောင်ရမ်း နာကျင်ဖို့ ပိုများ စေတယ်လို့ လေ့လာမှု အသစ် တစ်ခုက ဖော်ပြ လိုက်ပါတယ်။
နော့တင်ဟမ် တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေဟာ ဒူးခေါင်း (သို့) တင်ပါးရောင်ရမ်း နာကျင်တာ မျိုးတွေ ခံစားနေရပြီး အသက် ၄၅ နှစ်ကနေ ၈၆ နှစ်ကြားရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး အယောက် ၂၀၀၀ ရဲ့ ယမကာ မှီဝဲမှု အကျင့်တွေကို ကျန်းမာတဲ့ လူ အယောက် ၁၀၀၀ နဲ့ နှိုင်းယှဉ် ကြည့်ခဲ့ ကြပါတယ်။
ဘီယာ မသောက်တတ်တဲ့ သူတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် တစ်ပတ်ကို ၂၀ ယူနစ်ထက်ပိုပြီးဘီယာ သောက်သုံးသူတွေဟာ ဒူးခေါင်း အဆစ်အမြစ်ရောင်ရမ်းနာကျင်ဖို့ ၉၃ ရာခိုင်နှုန်း အခွင့်အရေးပိုများနေပါတယ်။ ခါး ၊ တင်ပါး တို့ရဲ့ အဆစ်အမြစ်တွေရောင်ရမ်းနိုင်ချေကတော့ ဒူးခေါင်းထက်ပင် အခွင့်အရေး ၂ ဆ ပိုများနေပြန်ပါတယ်။
တစ်ဖက်မှာကျပြန်တော့လည်း တစ်ပတ်ကို ၀ိုင် ၄ ခွက်ကနေ ၆ ခွက် အထိ သောက်သုံးသူတွေဟာ ဒူးခေါင်းအဆစ်အမြစ်ရောင်ရမ်းနာကျင်မှု ကို ၄၄ ရာခိုင်နှုန်းအထိ လျော့ကျသွားစေပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၇ ခွက် သောက်သုံးသူတွေဆိုရင် ၂ ဆ ပိုမို လျော့ကျစေမှာ ဖြစ်ပါတယ်။
ဒီလို ဘာကြောင့် ၀ိုင်က အဆစ်အမြစ်ရောင်ရမ်းနာကျင်မှု ကို သက်သာစေသလဲဆိုတဲ့ အကြောင်းပြချက်တော့ တိတိကျကျမသိရပါဘူး။ သီအိုရီအရတော့ ၀ိုင်မှာပါဝင်တဲ့ Polyphenols ဆိုတဲ့ အန်တီအောက်ဆီးဒင့် တစ်မျိုးကြောင့်ဖြစ်ပါတယ်။
Polyphenols ဟာ ကာကွယ်မှုနဲ့ ဆိုင်တဲ့ သက်ရောက်မှု တွေ ခန္ဓာကိုယ်ကို ဖြစ်စေပါတယ်။ ဘီယာမှာပါဝင်တဲ့ Uric အက်ဆစ် ပမာဏကတော့ ထိခိုက်တဲ့ သက်ရောက်မှုတွေစာ ဖြစ်စေနိုင်တာဖြစ်ပါတယ်။
ထို ရှာဖွေတွေ့ရှိမှုတွေကိုတော့ Arthtitis Research Therapy ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Ref : Dailymail
Originally published at - http://health.thithtoolwin.com/2016/01/blog-post_17.html

No comments:
Post a Comment