
တစ်နေ့ကို ငှက်ပျောသီး သို့မဟုတ် ပန်းသီး တစ်လုံးခန့် စားပေးခြင်းဖြင့် အနာဂတ်မှာ ဖြစ်လာနိုင်ချေ ရှိတဲ့ ရောဂါတွေကို တားဆီးနိုင်စွမ်း ရှိကြောင်း သုတေသန တစ်ခုက ဖော်ထုတ် လိုက်ပါတယ်။
လေ့လာချက် အသစ်အရ ငှက်ပျောသီးနဲ့ ပန်းသီးဟာ နောင် အခါမှာ ဖြစ်လာနိုင်ချေ ရှိတဲ့ နှလုံးရောဂါကို ကာကွယ် ပေးနိုင် ပါတယ်။
တစ်နေ့ကို ပန်းသီး သို့မဟုတ် ငှက်ပျောသီး ၁၀၀ ဂရမ်လောက် စားခြင်းအားဖြင့် အသက်ရှည် ကျန်းမာမှုကို သာမန်ထက် သုံးပုံ တစ်ပုံလောက် ပိုတိုး သွားစေကြောင်း လေ့လာချက်က ညွှန်ပြပါတယ်။
တရုတ်နိုင်ငံမှာ နေထိုင်သူ လူပေါင်း ငါးသိန်းကို ၇ နှစ်ကြာ လေ့လာပြီးနောက် ဒီအဖြေ ထွက် လာတာပါ။
ဆေးပညာဂျာနယ်ဖြစ်တဲ့ New England မှာလည်း သစ်သီးပုံမှန်စားခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကောင်းကောင်း ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
အဓိက အကြောင်းပြချက်ကတော့ ပန်းသီးနဲ့ ငှက်ပျောသီးတို့လို အသီးတွေမှာ ပိုတက်ဆီယမ်ဓာတ်၊ ဖိုင်ဘာမျှင်တွေနဲ့ ဓာတ်တိုးပစ္စည်းတွေ ပါဝင်တာကြောင့် လို့ ဆိုပါတယ်။
Source : Mirror
Originally published at - http://www.duwun.com.mm/lifestyle

No comments:
Post a Comment