ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 27, 2016

ရာသီလာစဉ်အတွင်း မပြုလုပ်သင့်တဲ့ အရာများ




အမျိုးသမီး တွေဟာ ရာသီလာစဉ် ကာလ အတွင်း ခံစားချက် ပြင်းထန်တာ အမျိုးသား တွေတောင် သိတာမို့ ဒီလို အချိန်မျိုးမှာ မလုပ်သင့်တဲ့ အရာတွေ ကိုလည်း ရှောင်ရှား သင့်ပါတယ်။

ကိုယ်လက် လှုပ်ရှား အားကစား

ဒီလို အချိန်မှာ တစ်ကိုယ်လုံး ဖောသွပ်သွပ် ဖြစ်နေ တတ်ပါတယ်။ ပြီးရင်တော့ ပြန်လည် တင်းရင်း ကျစ်လစ် သွားမှာမို့ မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ဖို့တော့ မလိုအပ်ပါဘူး။ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရင်း ကိုယ့်အားကစား ၀တ်စုံလေး ညစ်ပေ လွှတ်ပစ် လိုက်ရ ဖို့က ပိုများနေ တယ်လေ။

ချောကလက်တွေ အများကြီး စားခြင်း

လူတွေ ပြောသမျှ စကားကို မယုံပါနဲ့။ ကိုယ့်ရဲ့ ရာသီ စက်ဝန်း အတွင်းမှာ ချောကလက်တွေ အများကြီး စားရတယ် ဆိုတာမျိုးပေါ့။ ဒါတွေ စားလိုက်လို့လည်း ကိုယ့်ခံစား ချက်က ပိုပြီးကောင်းလာမှာ မဟုတ်ပါဘူး။

ရေခဲမုန့်

ရေခဲမုန့့််တွေ အများကြီး စားချင်တတ်ပေမယ့် နို့ထွက်အစားအစာတွေမှာ အဆီဓါတ်တွေ အများကြီးပါတာကြောင့် ၀တုတ်ဖြစ်သွားဖို့က များပါတယ်။ အရမ်းစားချင်နေရင်တော့ သကြားထည့်တာခြင်းမရှိတဲ့ ရေခဲမှုန့် ၁ ဇွန်း ၂ ဇွန်းလောက်သာ စားပါ။

ကော်ဖီ

ကော်ဖီစွဲနေတဲ့သူဆိုရင် ၃ ၄ ရက်လောက် ကော်ဖီဖြတ်ထားဖို့ အတော်ခက်ပါလိမ့်မယ်။ ဒါပေမယ့် ကဖိန်းဓါတ်ဟာ ရာသီသွေးပုံမှန်ပေါ်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဆရာဝန်တွေ အဆိုအရ ဒီလိုအချိန်မှာ ကော်ဖီသောက်သုံးတာဟာ အိပ်မပျော်ခြင်း၊ စိတ်ဓါတ်ကျသလိုခံစားရခြင်းတွေကိုပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကဖိန်းဓါတ်ပါတဲ့ ကော်ဖီ၊ စွမ်းအားပြည့်အချိုရည်တွေကို ရှောင်ကြည်သင့်ပါတယ်။

အရက်

အရက်ဟာ သွေးဆင်းမှုကို ပိုမိုများပြားအောင် တွန်းအားပေးတာကြောင့် နေထိုင်မကောင်းဖြစ်စေပါတယ်။ အရက်တစ်ခွက်လောက် သောက်ရုံနဲ့ သိသာစေတာမို့ ရှောင်ကြဉ်ဖို့လိုပါတယ်။

ဆီကြော် အစား အစာများ

ဒီလိုအချိန်မှာ ဆီကြော် အစားအစာတွေ စားသုံး တာဟာလည်း မအီအသာဖြစ်စေ တာကြောင့် ရှောင်သင့် ပါတယ်။

ထိပ်တိုက်တွေ့ခြင်းများ

သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အငြင်းအခုံမလုပ်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ ကိုယ်တကယ် မရည်ရွယ်ဘဲ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ့်သူငယ်ချင်းအချင်းချင်း ၀မ်းနည်းအောင်၊ စိတ်ဆိုးအောင် လုပ်မိတတ်ပါတယ်။

အိမ်မှုကိစ္စများ

မီးဖိုချောင်ထဲက အမှိုက်တွေ၊ ရေချိုးခန်းထဲက လျှော်စရာအ၀တ်တွေက ဘယ်ကိုမှ ထွက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရာသီသွေးပေါ်နေချိန်မျိုးမှာ ကိုယ့်ကိုကိုယ် ၀မ်းနည်းစရာ၊ စိတ်ပင်ပမ်းစရာတွေ မဖြစ်ပါစေနဲ့။ အရှုပ်ထုတ်တွေကိုလည်း ဒီအတိုင်းပဲထားလိုက်ပြီး အိပ်ယာပေါ်မှာ စာအုပ်ဖတ်တာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးသာ လုပ်ပစ်လိုက်ပါ။

Ref : healthyrecipeshome

Originally published at - http://health.thithtoolwin.com/2016/06/blog-post_35.html

No comments:

Post a Comment