ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, June 28, 2016

ဆံပင်နှင့် လက်သည်းကို ကောင်းကောင်းဖွံ့ဖြိုးလာဖို့ အစားအစာ ၆ မျိုး




လူ တစ်ဦးရဲ့အလှကို တန်ဖိုး ဖြတ်ရာ မှာတော့ ဆံပင်နှင့် လက်သည်း တို့ရဲ့ အလှတရား ဟာလည်း အခန်း ကဏ္ဍ တစ်ခုမှ ပါဝင်လျက် ရှိပါတယ်။ သို့သော် မျိုးရိုး ဗီဇ အရသော် လည်းကောင်း၊ ထိန်းသိမ်းနည်း လွဲမှား၍သော် လည်းကောင်း ယနေ့ခေတ် အမျိုးသား၊ အမျိုးသမီး အများစုဟာ ဆံပင်ပါးခြင်း၊ ဆံပင် ကျွတ်ခြင်းနှင့် လက်သည်း အလှအပ ထိန်း သိမ်းသင့် သည့် အမျိုးသမီး များတွင် လက်သည်း ဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် ခိုင်ခံ့မှု မရှိခြင်း စတဲ့ အလှပ ပြသနာ များကို ရှင်ဆိုင် ရလျက် ရှိပါတယ်။

ဆံပင်နှင့် လက်သည်း အလှအပ ပြသနာများကို ဖြေရှင်းဖို့ရန် အတွက် အမျိုးအမည် စုံလင်လှတဲ့ အလှပြင် ပစ္စည်းတွေ စူပါ မားကတ် အသီးသီးမှာ ရှိနေကြပေမယ့် အချို့ အလှပြင် ပစ္စည်း များက အသုံးပြု သူများကို အထောက်အပံ့ မပြုနိုင် တာကြောင့် သုံးစွဲသူများ ကိုယ်တိုင် သဘာဝကျကျ မိမိတို့ရဲ့ အလှအပများကို ထိန်းသိမ်းနိုင်ဖို့ အရေးကြီးလှပါတယ်။

ဒါ့ကြောင့် ဆံပင်နဲ့ လက်သည်းကို ကောင်းကောင်း ဖွံဖြိုးစေဖို့ အထောက် အကူပြုတဲ့ အစားအစာ ၆ မျိုးကို ရေးသား လိုက်ရတာ ဖြစ်ပါတယ်။

၁။ ဒိန်ချဉ်

အလွယ် တကူ ၀ယ်ယူ ရရှိနိုင်ပြီး ပရိတ်သတ် အများစုလည်း ကြိုက်နှစ်သက် ကြတဲ့ ဆံပင်နှင့် လက်သည်း ကျန်းမာရေးကို အထောက်ကူပြုတဲ့ အစားစာကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်မှာ ဆံပင် ကျန်းမာစွာ ရှင်သန်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ကာရာတင် (keratin) လို့ခေါ်တဲ့ ပရိုတိန်း ဓါတ်တွေ ပါဝင် ပါတယ်။

ဆံပင်ဟာ လုံလောက်တဲ့ ပရိုတိန်းဓါတ်ကိုမရရှိပါက ဆံပင်ကျွတ်ခြင်းဆိုတဲ့ ရလဒ်ဆိုးနှင့်ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မိမိတို့နေ့စဉ်စားသောက် နေတဲ့ မနက်စာထဲမှာ ဒိန်ချဉ်တစ်ဇွန်းခန့် ပါဝင်အောင်စားသောက်နိုင်ပါက ကျန်းမာသန်စွမ်းပြီးလှပတဲ့ ဆံပင်နှင့် လက်သည်းပိုင်ရှင်များဖြစ်လာနိုင်ကြမှာပါ။

၂။ အသား

အနီရောင်အသားလို့ အနောက်တိုင်းမှာခေါ်ဝေါ်ကြတဲ့ အမဲသား၊ ဆိတ်သား အစရှိတဲ့ အသားတွေဟာ ဆံပင်နှင့် လက်သည်းကျန်းမာရေးမှာအရေးပါတဲ့ ပရိုတိန်းဓါတ် နှင့် သံဓါတ်များကွယ်ဝစွာပါဝင်တဲ့ အစားစာတွေဖြစ်တာကြောင့် အခါအားလျော်စွာစားသုံးပေးသင့်ပါတယ်။

လေ့လာဆန်းစစ်ချက်များအရ သံဓါတ်ချို့တဲ့အားနည်းသူများဟာဆံပင်ပါးခြင်းနှင့် ကိုင်လွန်နီချီယား(koilonychia) လို့ခေါ်တဲ့ လက်သည်းရောဂါ တစ်မျိုးနှင့် ဆက်စပ်မှု ရှိနေတာကိုတွေ ရေပါတယ်။

သို့သော် အမဲသားနှင့် ဆိတ်သားတို့ကို မိမိတို့ ရဲ့နေ့စဉ်ပုံစဉ်အစားသောက်ထဲထည့်သွင်းစားသောက်ဖို့တော့ မလိုအပ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် ၎င်းအသားတွေမှာ ကျန်းမာရေးနှင့် မသင့်တော်သည့် ပြည့်ဝဆီများနှင့် အခြားဓါတ်များ ပါဝင်တာကြောင့် အလွန်အကျွံ စားသုံးပါက နှလုံးရောဂါ အန္တရာယ်နှင့် အခြားရောဂါ များကိုဖြစ်ပွားစေနိုင် တာကိုတော့ သတိပြုသင့် ပါတယ်။

၃။ မက်မွန်သီး

မက်မွန်သီးဟာ ပရိုတိန်းဓါတ်ကြွယ်ဝသော သဘာဝအသီးတစ်မျိုးဖြစ်ရုံသာမက မဂ္ဂနီဆီယန်ဓါတ်များ ကြွယ်ဝစွာပါဝင်နေတာကြောင့် ဆံပင်နှင့် လက်သည်းကျန်းမာလှပရေးအတွက် အထောက်ကူပြုပါတယ်။

မဂ္ဂနီဆီယမ်ဆိုတာ စိတ်ဖိအားများကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ အဓိကဓါတ်တစ်မျိုးဖြစ်ပြီး ဆံပင်ကျွတ်ခြင်းသည် လူတစ်ဦး၏ခံစားနေရသော စိတ်ဖိအားများပေါ်တွင်အဓိက မူတည်တာကြောင့် မက်မွန်သီးက ဆံပင်ကျန်းမာရေးအတွက် အထောက်ကူပြုပါတယ်။

ဒါ့အပြင် လက်သည်းများပေါ်တွင်ဖြစ်ပေါ်တတ်တဲ့ ဒေါင်လိုက်အရေးကြောင်းများဟာ ခန္ဓာကိုယ်အတွင်းမဂ္ဂနီဆီယမ်ဓါတ်မလုံလောက်ခြင်းရဲ့ လက္ခဏာများဖြစ်ပါတယ်။ မဂ္ဂနီဆီယမ် ဓါတ်ကို အစိမ်းရောင်အရွက်များနှင့် ပဲအချို့မှလည်းရရှိနိုင်ပါတယ်။

၎။ ဘီယာ

ဘီယာကတော့ အမျိုးသားပရိတ်သတ်များအကြိုက် ဆံပင်အထောက်ကူပြုအစားစာဖြစ်ပါလိမ့်မယ်။ အစားသောက်နှင့် သီးနှံဆိုင်ရာ သုတေသနပြုသည့် အဖွဲ့စည်းတစ်ခု၏ ထုတ်ပြန် ချက်အရ ဘီယာသည် ဆီလီကွန်ဓါတ်ကြွယ်ဝသည့် အစားစာတစ်မျိုးဖြစ်ပါတယ်။

ဘီယာမှာပါဝင်သည့် ဆီလီကွန်ဓါတ်ဟာ သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး ဦးရည်ပြား သွေးသား လည်ပတ်မှု စနစ်ကို ကောင်းစွာအထောက်ကူပြုတာကြောင့်ဆံပင်ကျန်းမာရေးအတွက် လွန်စွာကောင်းမွန်တာကိုတွေ့ရတယ်ဟု ဝါရှင်အခြေစိုက်လေဆာကုထုံးကျောင်းနှင့် ဂျွန်ဟော့ကင်းတက္ကသိုလ်အရေးပြားရောဂါဗေဒဆိုင်ရာဌာန တို့မှ အကြီးကဲဖြစ်သူ ရီဘက်ကာခိုင်ဇင် ကအတည်ပြုပြောကြားထားပါတယ်။

သို့သော်လည်း ဆံပင်ကျန်းမာရေးအကြောင်းပြကာ NewsWatch ဂျာနယ်အမျိုးသားပရိတ်သတ်များဘီယာအလွန်အကျူးသောက်သုံးမယ်ဆိုရင်တော့မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွမ်းကျင်သူများရဲ့ အဆိုအရ အမျိုးသမီးတစ်ဦးအနေဖြင့် တစ်ရက်လျှင် ဘီယာ တစ်ခွက်နှင့် အမျိုးသားတစ်ဦးလျှင် ဘီယာ ၂ ခွက်ခန့်သောက်သုံး ပါက နေ့စဉ်လိုအပ်သော ဆီလီကွန်ဓါတ်များ လုံလောက်စေနိုင်သည်ဟု ထုတ်ပြန်ထားပါတယ်။

၅။ နွားနို့

နွားနို့ဟာ ဆံပင်ကျန်းမာရေးအတွက် အထောက်ကူပြုသည်ဆိုသည့်အချက်ကို သိရှိ၍များ သမ္မတကြီးက နိုင်ငံသားများကို နွားနို့သောက်ခိုင်းသည်လားဆိုသည့်အချက်ကတော့ အတွေးပွားစရာပါ။

ဘာကြောင့်လဲဆိုရင် တိကျခိုင်မာသော သက်သေပြချက်များထုတ်ဖော်ပြောဆိုနိုင်ရန်လေ့လာဆန်းစစ်ချက်များပြုလုပ်ရန်လိုအပ်လျက်ရှိနေသေးသော်လည်း အချို့သော လေ့လာမှု များအရ နွားနို့တွင်ပါဝင်သော ဗိုက်တာမင်ဒီ နှင့် ဆံပင်ကျွတ်ခြင်း တို့ဟာ ဆက်စပ်မှုရှိနေတာကြောင့်ပါ။

ဆံပင်ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးအများစုတွင် ရှိသော ဗိုက်တာမင် ဓါတ်ပမာဏသည် ဆံပင်ကျန်းမာရေးကောင်းမွန်သည့် အမျိုးသမီးများထက် ချို့တဲ့သည်ဆိုသည့် အချက်ကိုတော့ အရေပြားလေ့လာရေးဆေးအဖွဲ့များက အတည်ပြုချက်ရယူနိုင်ခဲ့ပြီးဖြစ်သော်လည်း နွားနို့အပြင် မိမိတို့၏ဆရာဝန်များနှင့်တိုင်ပင်ကာ အခြားသောဆေးဝါးနှင့် သဘာဝပစ္စည်းများမှလည်း ဗိုက်တာမင်ဒီ ဓါတ်ကို ရယူနိုင်ကြပါတယ်။

၆။ ဥများ

ကြက်ဥ၊ ဘဲဥ အစရှိတဲ့ ဥများမှာ ပရိုတိန်းဓါတ်နှင့် ဗိုက်တာမင်ဒီ ဓါတ်အချို့လည်း ပါဝင်သည့်အပြင် ဘိုင်အိုတင် လို့အမည်ရတဲ့ ဗိုက်တာမင်ဘီ အရောနှောတွေပါဝင်ပါတယ်။ ဘိုင်အိုတင် စဟာ ဆံပင်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကာရာတင် ဓါတ်ကို ဖြစ်ထွန်းစေနိုင်ပါတယ်။ ဘိုင်အိုတင်ဓါတ်ချို့ယွင်းသူများဟာလည်း ဆံပင်ကျွတ်ခြင်းကို ခံစားရတတ်တာကြောင့် ဆံပင်ကျန်းမာရေးအတွက် ဥများစားသုံးသင့်ပါတယ်။

Ref : Healthy Recipe

Originally published at - http://health.thithtoolwin.com/2016/06/blog-post_16.html

No comments:

Post a Comment