ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 18, 2015

သောက်ရေသန့်တွေမှာ ဘက်တီးရီးယား ၁၀ သန်း အထိ ပါဝင် နေတာကို တွေ့ရှိ




သုတေသီ တွေက သန့်စင် ထားတဲ့ သောက်ရေသန့် တွေဟာ လုံးဝ ဥသုံ သန့်ရှင်း နေတာ မဟုတ်ဘူး ဆိုတာ ကို တွေ့ရှိ ခဲ့ကြ ပါတယ်။ ထပ်မံပြီး သုတေသီတွေ ရှာဖွေတွေ့ ရှိခဲ့ တာကတော့ သောက်ရေသန့် တွေမှာ ဘက်တီးရီးယား ၁၀ သန်း အထိ ပါဝင်နေတယ် ဆိုတာပါပဲ။

ဒါပေမယ့်လည်း စိတ်မပူပါနဲ့ ။ ထို ဘက်တီးရီးယား တွေဟာ အန္တရာယ်မပေးနိုင်တဲ့ အပြင် ရေသန့် ရဲ့  အရည် အသွေးကို လည်း အဆင့်မြှင့် ပေးနိုင်တယ်လို့ သိရ ပါတယ်။

ဆွီဒင်နိုင်ငံက Lunch တက္ကသိုလ် မှာရှိတဲ့ သုတေသီတွေက ထို အဏုဇီဝ ဘက်တီးရီးယား တွေဟာ ရေသန့်စင် စက်တွေနဲ့ ရေပိုက်တွေရဲ့ အတွင်းပိုင်းမှာ ရှင်သန်နေတာကိုတွေ့ခဲ ရပါတယ်။

အဲဒီနောက်မှာတော့ အဆိုပါ ဘက်တီးရီးယား တွေဟာ ပိုက်တွေ အတွင်းမှာ ပါးလွှာပြီး စေးကပ်တဲ့ Biofilm တွေအဖြစ် ပြောင်းလဲ ဖြစ်ပေါ် လာပါတယ်။

ဒီလေ့လာမှုက ထုတ်ဖော်ပြသခဲ့တဲ့ နောက်ထပ် အကြောင်းအရာတစ်ခုကတော့ ရေပိုက်တွေ အတွင်းမှာ နေထိုင်နေတဲ့ ကွဲပြားခြားနားသော ဘက်တီးရီးယား မျိုးစိတ်ပေါင်း များစွာ ရှိနေနိုင်ပြီး ထို ဘက်တီးရီးယား တွေဟာ သင် အရင်က ထင်ထား တာထက် ပိုမို အရေးပါတဲ့ ကဏ္ဍ ကနေ ပါဝင်နေတယ် ဆိုတာပါပဲ။

သုတေသန အရတော့ ကွဲပြားခြားနားတဲ့ ဘက်တီးရီးယား မျိုးစိတ်ပေါင်း ထောင်နဲ့ချီ အရေအတွက်ရှိနေပြီး ထို ဘက်တီးရီးယားတွေနဲ့ သောက်ရေသန့် အရည်အသွေး တို့ကြားမှာလည်း ပတ်သက်ဆက်နွယ်နေမှုတွေရှိနေပါတယ်။

"ငါတို့ သံသယ ရှိတာက ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေလည်း ရှိနေပြီး အဲဒီ ဘက်တီးရီးယားတွေဟာ ရေကို ပိုမို သန့်စင်လာအောင် ကူညီနိုင်ပြီး လုံခြုံမှုရှိအောင်လည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။

ငါတို့ ခန္ဓာကိုယ်အတွင်းမှာ ဖြစ်နေသလိုပေါ့။ ငါတို့ရဲ့  အူနဲ့ အစာအိမ် လမ်းကြောင်းဟာ ဘက်တီးရီးယားတွေနဲ့ ပြည့်နေပါတယ်။ ဒါပေမယ့်လည်း ငါတို့ ကျန်းမာနေပါတယ်။

အဲဒီဘက်တီးရီးယားတွေဟာ ငါတို့ရဲ့  အစာချေဖျက် မှု ကို ကူညီပေးနေပြီး ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးပါတယ်" လို့ ဒီသုတေသန ကို ဦးဆောင်ခဲ့သူ Catherine Paul က ဆိုပါတယ်။

ဥပမာ အားဖြင့် Sphingomonas ဆိုတဲ့ ဘက်တီးရီးယား တစ်မျိုးဟာ အရည် အသွေးမြင့် သောက်ရေသန့်တွေမှာ တွေ့ရလေ့ရှိပြီး ထိုဘက်တီးရီးယား တွေဟာ သောက်ရေသန့်ထဲမှာ ရှင်သန်နိုင်ဖို့ အတွက် အဆိပ် အတောက်တွေနဲ့ ပလတ်စတစ် အမျိုး အစားတွေကို ချေမှုန်း ပေးနိုင်ပါတယ်။

အခြား ဘက်တီးရီးယား တွေကတော့ ရေသန့်ထဲမှာ အနည်းငယ် မှားယွင်းမှုတွေ ဖြစ်ပေါ်စေနိုင် တာကိုတော့ သတိပြု ရပါမယ်။ ဖြစ်လာနိုင် တာတွေကတော့ ရေပိုက် သံချေး တက်စေခြင်း နဲ့ ကလိုရင်း ပမာဏ လျော့ကျ သွားစေခြင်းတို့ကို ဖြစ်စေနိုင် ပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_43.html


No comments:

Post a Comment