
လမ်းဘေး မြက်တွေကြားထဲမှာ တွေ့ရလေ့ ရှိတဲ့ ထိကရုံးပင် လေးတွေရဲ့ အစွမ်းပါ။
၁ - အရွက်ကို ကြိတ်ပေးပြီးဆီးခုံမှာ အုံပေးရင် ဆီးလွန် ရောဂါ ပျောက်ပါတယ်။
၂ - မြင်းသရိုက် လိပ်ခေါင်း ဖြစ်နေသူတွေဟာ အရွက်ကို အမှုန့်လုပ်ပြီး နို့နဲ့ သောက်ရင် ပျောက်ပါတယ်။

၃ - အမြစ်ရှိတဲ့ အနာတွေကို ထိကရုံးမြစ်ကို သွေးပြီးလိမ်းရင် အမြစ် ထွက်လာ စေပါတယ်။
၎ - အမြစ်ကို ပြုတ်သောက်ရင် ဆီးမှာ ကျောက်တည် တာတွေ ကြေစေ ပါတယ်။

၅ - ရောင်ရမ်းနေတဲ့ အနာတွေကို ထိကရုံး ပဉ္စ ငါးပါးကြိတ်ပြီး ရလာတဲ့ အရည်ကို လိမ်းပေးရင် ရောင်ရမ်း နေတာတွေ ပျောက်ပါတယ်။
ဖောရောင် နေတာတွေ ကိုလည်း လိမ်းပေးလို့ ရပါတယ်။
Photos & Source: Burmese Medical Plants, AMAZING ADAPTATIONS
Originally published at - http://www.duwun.com.mm/lifestyle/-id4796584.html

No comments:
Post a Comment