
အားဖြည့် အချိုရည်တွေ ခေတ်စား နေတဲ့ ခေတ်မှာ ပညာရှင်တွေ တော်တော် များများက အားဖြည့် အချိုရည်တွေဟာ ကျန်းမာရေးကို ထိခိုက်နိုင် တယ်လို့ တော်တော် များများ လက်ခံ ထားကြပါတယ်။
အားဖြည့် အချိုရည် တွေကြောင့် ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်နိုင်ရုံ မက နောက်ပိုင်း ပြဿနာတွေ တော်တော် များများ ဖြစ်တတ် ကြပါတယ်။
အခုတော့ အင်္ဂလန်နိုင်ငံ Bath University က သုတေသန ပညာရှင်တွေဟာ ရေထဲကို သကြားထည့်ပြီး သောက်တာဟာ အားဖြည့်အချိုရည် သောက်တာထက် စာရင် ပိုပြီးတော့ ကောင်းစေနိုင်တယ်လို့ ဖော်ထုတ် ခဲ့တာဖြစ်ပါတယ်။
အချက်အလက်တွေ အရ သကြား တစ်ဇွန်း အပြည့်ထည့် ထားတဲ့ ရေဟာ အားကစား လုပ်ရာမှာ အားဖြည့် အချိုရည်တွေ ထက်တောင် ပိုပြီး အစွမ်း ထက်နေ သေးတယ်လို့ သိရပါတယ်။
သူတို့ဟာ သကြားထည့်ထားတဲ့ရေကို သောက်ပြီး အားကစားလုပ်တဲ့သူတွေနဲ့ ဘာမှမသောက်ထားတဲ့သူတွေအားကစားလုပ်ရာမှာ ထွက်ပေါ်လာတဲ့ ကျရှုံးအောင်မြင်
မှုတွေကို ရေတွက် ခဲ့ကြတာဖြစ်ပါတယ်။
အားကစားလုပ်နေချိန်မှာ သကြားအမျိုးမျိုးဟာ အလျှင်အမြန်ပဲ သကြားတွေကိုအူကနေ စုပ်ယူသွားတာကို သုတေသီတွေကတွေ့ရှိခဲ့ကြပါတယ်။ အဖွဲ့သားတွေဟာ များစွာသော အားဖြည့် အချိုရည်တွေက ဘယ်လို Carbohydrates တွေပါဝင်ပြီး ဘယ်လောက် ကြာကြာ စွမ်းအင်ကို သိမ်းဆည်းနိုင်တယ် ဆိုတာပါ လေ့လာ ခဲ့ကြတာပါ။
သုတေသနကိုဦးဆောင်ခဲ့တဲ့Dr Javier Gonzalez က"ကျွန်တော်တို့လေ့လာချက်က အားဖြည့်အချိုရည်တွေမှာ ပါတဲ့ ကာဘိုဟိုက်ဒရိတ်(သကြား) တွေဟာ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ တံထွေးထဲမှာသာသိမ်းဆည်းထားတာဖြစ်ပြီး ကြွက်သားထဲမှာမဟုတ်တာကိုတွေ့ခဲ့ရပါတယ်။"
သိပ္ပံပညာရှင်တွေက ရေတစ်လီတာ ထဲမှာ သကြား ၉၀ဂရမ် ထည့်သောက်တာဟာ လေ့ကျင့်ခန်းလုပ်တဲ့ အခါ နှစ်နာရီကျော်ကြာ အကောင်းဆုံး လှုပ်ရှားမှုတွေ ပေးစွမ်းနိုင် တယ်လို့ ဖော်ထုတ် ခဲ့ပါတယ်။
Ref: Mirror
Originally published at - http://health.thithtoolwin.com/2016/01/blog-post_21.html

No comments:
Post a Comment