ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 16, 2016

လိင်အင်္ဂါနဲ့ သားမြတ်ထိပ်တို့ နက်မှောင်နေခြင်းဟာ ဆီးချို သွေးချို ရောဂါရဲ့ လက္ခဏာ ဖြစ်




သင့်ရဲ့  လိင်အင်္ဂါဟာ အခြား သင့် ခန္ဓာကိုယ် အစိတ် အပိုင်း တွေထက် ပိုမို နက်မှောင် နေတာကို ထူးဆန်း နေပါသလား?

လူမျိုးရေးတွေ ခဏမေ့ ထားပြီး ပြောရမယ် ဆိုရင် လူတစ်ယောက် မှာ အမျိုးသား လိင်အင်္ဂါ ၊ နို့သီးခေါင်း အမျိုးသမီး သားမြတ်ထိပ် အညို ကွက်တွေနဲ့ မိန်းမ အင်္ဂါဇာတ် တို့ဟာ အခြား အရေပြား တွေထက် သဘာဝ အတိုင်းပင် ၂ ဆ ခန့် ကိုမို ညိုမဲ နက်မှောင် နေတတ် ပါတယ်။ အဲဒီလို နက်မှောင် လာမှု ဟာလည်း အရွယ်ရောက် ချိန်မှာ ဖြစ်လာတာ ဖြစ်တယ်လို့ ကျွမ်းကျင် သူတွေက ဆိုထား ပါတယ်။

လူတွေရဲ့  ခန္ဓာကိုယ်ဟာ အရွယ်ရောက် လာတဲ့ အခါ ဆံပင်နဲ့ အရေပြား အရောင် တို့ကို ဖြစ်ပေါ်စေတဲ့ Melanin ဆိုတဲ့ အမိုင်နို အက်ဆစ် တစ်မျိုးကို ထုတ်လုပ် စေတာနဲ့ အတူ လိင်စိတ် ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကိုလည်း ထုတ်လုပ် လိုက်ပါတယ်။

အဲဒီလို ထုတ်လုပ်ခြင်းရဲ့  ရလဒ်ဟာ အမျိုးသား တွေမှာ ဆိုရင် လိင်အင်္ဂါနဲ့ နို့သီးခေါင်း ၊ အမျိုးသမီး တွေမှာဆိုရင် သားမြတ်ထိပ် အညိုကွက်နဲ့ အင်္ဂါဇာတ် တို့မှာ ညိုမဲ နက်မှောင် လာကြ ပါတယ်။

ဒီရလဒ်ဟာ သဘာဝ အတိုင်း ဖြစ်ပေါ် လာတာလို့ ဆိုပေမယ့်လည်း ကျွမ်းကျင် သူတွေ သတိပေးထား တာကတော့ အရွယ်ရောက်တဲ့ အချိန် ထိုနေရာတွေမှာ သာမန်ထက် ညိုမည်း နက်မှောင် နေခြင်းဟာ ဆီးချို သွေးချို ရောဂါ ရဲ့  လက္ခဏာ တစ်ရပ်သာ ဖြစ်တယ် ဆိုတာပါပဲ။

"သင် သကြားဓါတ် မှီဝဲမှု များလာတဲ့ အခါ သင့်ခန္ဓာကိုယ်ရဲ့  သတ်မှတ် နေရာတွေမှာ အရေပြား အရောင်ဟာ ပိုမို နက်မှောင် ညိုမည်း လာပါတယ်။ အဲဒါဟာ သင် ဆီးချို သွေးချို ရောဂါ ဖြစ်နေ ပြီလို့ ဆိုလိုတာဖြစ်ပါတယ်" လို့ နယူးယော့ခ် မြို့ မှာရှိတဲ့ ကိုလံဘီယာ တက္ကသိုလ် ဆေးပညာ စင်တာ က ဆရာဝန် တစ်ဦးဖြစ်သူ Dr Lindsey Bordone က ဆိုပါတယ်။

"မိန်းကလေးတွေငယ်စဉ်အခါက သူတို့ရဲ့  သားမြတ် ထိပ်ခေါင်းတွေဟာ မှိန်ဖျော့ပြီး တောက်ပတဲ့ အသားအရေ မျိုးရှိကြပေမယ့် သူတို့လေးတွေ အသက်ကြီး လာတဲ့ အခါ ဟော်မုန်းတွေဟာ သားမြတ် ထိပ်ခေါင်းတွေကို နက်မှောင် လာစေ ပါတယ်။ ဒါဟာ ယောကျာင်္းလေးတွေ အားလုံးမှာ လည်းတူညီတဲ့ သက်ရောက်မှု ဖြစ်စေ ပါတယ်။" လို့ Dr Lindsey Bordone က ဆိုပါတယ်။

အရွယ်ရောက်လာတဲ့အခါ အမျိုးသမီးတွေဟာ Estrogen ဆိုတဲ့ ဟော်မုန်းတစ်မျိုး များပြားလာသလို အမျိုးသားတွေမှာက Testosterone လို့ခေါ်တဲ့ ဟော်မုန်း တစ်မျိုး များပြားလာပါတယ်။

အဲဒီဟော်မုန်းတွေဟာ Melanin ကို ထုတ်လုပ်ပေးတဲ့ Melanocytes ဆိုတဲ့ အရေပြားဆဲလ် တွေကို ပုံမှန်ဖြစ်ပေါ်လာစေပါတယ်။ ထို အရေပြားဆဲလ်တွေများစွာ တည်ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ပိုမိုနက်မှောင် ညိုမည်းလာတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေမှာဆိုရင် ဟော်မုန်းတွေဟာ အရေပြားအပေါ် သက်ရောက်လာမှု ပိုများပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် (သို့) ကိုယ်ဝန်ဆောင်အားဆေးတွေသောက်နေရချိန်မှာ အမျိုးသမီးတွေရဲ့  Estrogen ဟော်မုန်းထုတ်လုပ်မှု ပမာဏ ပိုများပါတယ်။ အဲဒီလို ဟော်မုန်းထုတ်လုပ်မှု များနေခြင်းဟာ ထိုအမျိုးသမီး ရဲ့  မျက်နှာ အရေပြားမှာပါ သက်ရောက်မှု တွေ ရှိလာစေနိုင် ပါတယ်။

ဒီလို ဖြစ်တာ သဘာဝ အတိုင်းဖြစ်တာလို့ ဆိုပေမယ့်လည်း သာမန်ထက် ပိုတဲ့ နက်မှောင် ညိုမည်း မှုတွေဟာ ဆီးချိုသွေးချိုရောဂါ နဲ့ ဆက်စပ်နေတယ် ဆိုတာ သတိပြုဖို့တော့ လိုပါတယ်။

Ref : Dailymail

Originally published at - http://health.thithtoolwin.com/2016/01/blog-post_12.html


No comments:

Post a Comment