ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 28, 2015

ဆောင်းတွင်းမှာ သင့်အသားအရေ ကြည့်ကောင်းစေဖို့ လျှို့ဝှက်ချက် ခုနှစ်ခု




ဆောင်းတွင်းမှာသင်ဟာအသားအရေပျက်စီးခြောက်သွေ့တတ်သူတစ်ဦးဆိုရင်တော့ ဒီအတွက် အခုဖြေရှင်းစရာလေးတွေရှိလာပါပြီ၊ အပူချိန်ကျဆင်းသွားတာကြောင့် သင့်အသားအရေဟာ ပိုမိုလွယ်ကူစွာနဲ့ ခြောက်သွေ့ပျက်စီးတတ်ပြီး သင့်ရဲ့ လူနေမှုပုံစံနဲ့ အသားအရေအတွက်ပစ္စည်းတွေကသင့်ကိုကူညီပေးနိုင်ပါတယ်၊ အခုတော့ဒီလျို့ဝှက်ချက်ကလေးတွေကို Mirror ကဖော်ထုတ်ပေးလိုက်ပါပြီ၊

၁) သင့်ရဲ့ ရေသောက်နေတဲ့ အကျင့်လေးကို ပြောင်းလဲ လိုက်ပါ


တစ်ရက်ကို ရေရှစ်ခွက်လောက် သောက်ဖို့ ကြိုးစားသင့်ပြီး တတ်နိုင်သလောက် အရက်နဲ့ ကဖီးပါတဲ့ အရာတွေကို သောက်တာ ရှောင်သင့်ပါတယ်။

အဲ့ဒါတွေက သင့်ခန္ဓာကိုယ်က ရေဓာတ်ကို ဆုံးရှုံးစေလို့ပဲ ဖြစ်ပါတယ်။

၂) Moisturise နေ့တိုင်း လိမ်းပေးပါ၊



အသားအရေကို Moisturise နဲ့ ပုံမှန် လိမ်းပေးခြင်းကြောင့် သင့်အသားအရေ အမြဲအစိုဓာတ် ရနေမှာ ဖြစ်ပြီး အသားအရေ ကျန်းမာရေးနဲ့ ခြောက်သွေ့ခြင်းတွေကို ကူညီပေးမှာ ဖြစ်ပါတယ်။

၃) အသီးအရွက် များများစားပေးပါ



ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ တွေဟာ အာဟာရ ဓာတ်ကြွယ်ဝ တာကြောင့် များများ စားပေးခြင်းနဲ့ အသားအရေကို အမြဲတမ်း စိုပြေ၀င်းပစေမှာပါ၊

၎) သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပစ်ပါ



တချို့လူတွေ အတွက် စိတ်ဖိစီး မှုတွေက အသားအရေကို အနှောင့်အယှက် ဖြစ်စေ တတ်ပါတယ်၊ ဒါကြောင့်သင်ဟာ အေးမြလှတဲ့ ဆောင်းအချိန် အခါမှာ ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးခြင်း၊ ဆေးပညာနည်းတွေနဲ့ ဖြေလျှော့ခြင်း တို့ကိုပုံမှန်ပြုလုပ် ပေးသင့်ပါတယ်၊

၅) Vitamin C မှီဝဲခြင်းကိုမြှင့်တင်ပါ



Vitamin C ကြွယ်ဝတဲ့ လိမ္မော်သီး၊ ရှောက်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီး၊ ငရုတ်သီးစိမ်း နဲ့ အာလူးတွေမှာ အသားအရေ အတွက် အထောက်အကူ ပေးတဲ့ ကော်လာဂျင်တွေလည်း ပါဝင်တာကြောင့် မှန်မှန် မှီဝဲသင့် ပါတယ်၊

၆) နေရောင်ခံလိမ်းဆေးလိမ်းပါ၊


တချို့တွေက ဆောင်းရာသီမှာ နေရောင်ခံလိမ်းဆေးလိမ်းစရာမလိုဘူးလို့ထင်တတ်ပါတယ်၊ နွေရာသီမှာတင်မဟုတ်ပဲ SPF 15 ပါဝင်တဲ့ နေရောင်ခံ လိမ်းဆေးကို အမြဲလိမ်းသင့်ပါတယ်၊

ဘာလို့လဲ ဆိုတော့ အင်္ဂလန်က အရေပြား ကင်ဆာသုတေသနပြုမှုတွေ အရ တိမ်ဖုံးတဲ့နေ့တွေ မှာတောင် ခရမ်းလွန်ရောင်ခြည် ရာခိုနှုန်း ၃၀ ကနေ၄၀ အထိ ရှိနေတတ်လို့ပါ၊ ဒါကြောင့် နေရောင်ခံ လိမ်းဆေးကို မျက်နှာတွေမှာနဲ့ တခြားနေရောင် ထိနိုင်တဲ့ အစိတ်အပိုင်း တွေမှာ လိမ်းပြီးမှ အပြင် ထွက်သင့်ပါတယ်၊

၇) Vitamin B Riboflavin ကိုအသုံးပြုပါ


ဒီအရာကို တံထွေး၊ အနီရောင်အသား၊ ကြက်သား၊ ချိစ်၊ ဥအမျိုးမျိုး၊ မနက်ပိုင်းမှာ စားတဲ့ Cereal တွေနဲ့ တဆေးတွေမှာတွေ့ရပါတယ်၊ Vitamin B Riboflavin သင့်ရဲ့ အသားအရေကို ကောင်းမွန်ချောမွေ့အောင်ပြုလုပ်နိုင်ပါတယ်၊ အခုတော့ Vitamin B Riboflavin ပါဝင်တဲ့ဆေးတွေ အလွယ်တကူ ၀ယ်ယူရရှိနိုင်နေပါပြီ၊

Ref : Mirror

Originally published at - http://health.thithtoolwin.com/2015/12/blog-post_96.html


No comments:

Post a Comment