ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 28, 2015

၂၀၃၀ ခုနှစ်မှာ တစ်ကမ္ဘာလုံး ငှက်ဖျား ကင်းစင်မယ်လို့ WHO ပြော




ကမ္ဘာကြီးဟာ နောက်ထပ် ၁၅ နှစ်ကြာတဲ့ အခါမှာ ငှက်ဖျား (malaria) ရောဂါ လုံးဝ ကင်းစင် သွားလိမ့်မယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) က ကြေညာ လိုက်ပါတယ်။

နိုင်ငံ အသီးသီးက ကျန်းမာရေးဆိုင်ရာ သံတမန်တွေဟာ ဂျီနီဗာ မြို့မှာ ငှက်ဖျားရောဂါ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။ ထိုဆွေးနွေးမှုတွေ အရ ငှက်ဖျားရောဂါ ကို ၂၀၂၀ မှာ ၄၀ ရာခိုင်နှုန်းလျော့ချနိုင်ဖို့ စီမံကိန်း ရေးဆွဲထားပြီး ၂၀၃၀ နှာ ၉၀ ရာခိုင်နှုန်း လျော့ချသွားနိုင်မယ့် အစီအစဉ် တွေကိုလည်း ရေးဆွဲထားပါတယ်။

ထိုစီမံကိန်းတွေအရ နောက်လာမယ့် ၁၅ နှစ်မှာ အနည်းဆုံး နိုင်ငံပေါင်း ၃၅ နိုင်ငံ ငှက်ဖျား ကင်းစင်သွားအောင်တိုက်ဖျက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ခြင်ကိုက်ခြင်းကနေစတင်ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါဟာ တစ်နှစ်မှာ လူအယောက် သန်း၂၀၀ ကို စွဲကပ် ခံစားစေခဲ့ပြီး လူဦးရေ အယောက် ၆၀၀,၀၀၀ ကို သေစေခဲ့ပါတယ်။ ထိုသေဆုံးမှုတွေရဲ့ အနည်းဆုံး ၃ ပုံ ၁ ပုံဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေဖြစ်နေတယ်လို့ ၀မ်းနည်းစွာ ကြားသိရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ငှက်ဖျားရောဂါကြောင့်သေဆုံးမှုတွေ ရဲ့ ၉၀ ရာခိုင်နှုန်းဟာ အာဖရိက မှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဦးဆောင်ပြီး ငှက်ဖျားရောဂါကို တိုက်ဖျက်ခဲ့ရာမှာတော့ ၂၀၀၀ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်ကြား ကာလတွေမှာ ငှက်ဖျားရောဂါကြောင့်သေဆုံးမှုဟာ ၄၇ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

ငှက်ဖျားရောဂါကို အမြစ်ပြတ်အောင်တိုက်ထုတ်နိုင်ဖို့အတွက် နိုင်ငံတိုင်းမှာ ဆေးဝါးက အစ လိုအပ်တဲ့ ပစ္စည်းတွေရှိနေဖို့လိုအပ်ပြီး တစ်ကမ္ဘာ လုံး အတိုင်းအတာ နဲ့ဆိုရင် ဘတ်ဂျတ် ဒေါ်လာ သန်း ၁၀၀ ထိ သုံးစွဲသွားမှာ ဖြစ်တယ် လို့ WHO ရဲ့ ငှက်ဖျားတိုက်ဖျက်ရေး စီမံကိန်း ခေါင်းဆောင် Mr.Alonso က ဆိုပါတယ်။

Ref : Dailymail

Originally published at - http://health.thithtoolwin.com/2015/12/who.html


No comments:

Post a Comment