ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 28, 2015

ကြက်သားခေါက်ဆွဲပြုတ် တွေဟာ နေမကောင်းဖြစ်ခြင်းကို သက်သာစေနိုင်




ကြက်သား ခေါက်ဆွဲပြုတ် ကို နေမကောင်းရင် စားသုံးရတဲ့ ကုထုံး အစားအစာ တစ်ခုအဖြစ် ယဉ်ကျေးမှု နယ်ပယ်များစွာ မှာ သတ်မှတ် ထားကြပါတယ်။ ဂျူးလူမျိုး အမေရိကန် တွေနဲ့ တရုတ် လူ့အဖွဲ့ အစည်းတွေ မှာတော့ ကြက်သား ခေါက်ဆွဲပြုတ်ကို ရိုးရာဆေးဝါး တစ်မျိုး အဖြစ် စားသုံးလေ့ ရှိကြပါတယ်။

သုတေသီတွေ အနေနဲ့ ကြက်သားခေါက်ဆွဲပြုတ်စားသုံးခြင်းနဲ့ သက်တောင့်သက်သာ ဖြစ်စေတဲ့ ကောင်းမွန်သော သက်ရောက် မှုတွေကို ဘယ်အရာက ဖြစ်ပေါ်စေ တာလဲဆိုတာကို အတိအကျ မသိနိုင် ခဲ့ပေမယ့် လေ့လာမှု ပေါင်းများစွာကတော့ ကြက်သားခေါက်ဆွဲပြုတ်ဟာ ပြည့်ကျပ် နေတဲ့ နှာခေါင်းနဲ့ လည်ချောင်း လမ်းကြောင်းတွေကို ရှင်းလင်းပေးနိုင်တာကို ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။

Hull တက္ကသိုလ်က ဒေါက်တာ Juliane Schlag ဟာ ခေါက်ဆွဲပြုတ်တွေဟာ ဖျားနာမှုကို တစ်ကယ်သက်သာစေပြီး စိတ်ဝိဥာဉ်ကို နွေးထွေးမှု ဖြစ်စေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ကြက်သားခေါက်ဆွဲတွေဟာ အပူပေးပြီး ချက်ပြုတ်လိုက်တဲ့အခါမှာ ယေဘူယျ အားဖြင့် ကယ်လ်ဆီယမ် ပါဝင်မှု ပိုမိုများပြားလာစေနိုင်ပါတယ်။ ဒါကြောင့် ကြက်သားခေါင်းဆွဲပြုတ်တွေ ကို လူမမာစာ အဖြစ် တိုက်ကျွေးခြင်းအားဖြင့် ကယ်လ်ဆီယမ် ပမာဏတိုးလာပြီး နှာခေါင်းနဲ့ လည်ချောင်း လမ်းကြောင်းမှာရှိတဲ့ အညစ်အကြေးတွေကို ရှင်းလင်းပေးနိုင်ပါတယ်။

သုတေသီတွေဟာ အခုချိန်ထိတော့ ကြက်သားခေါက်ဆွဲပြုတ်တွေဟာ ဘာကြောင့်နေမကောင်းမှုတွေအတွက် ကုထုံး အစားအစာ တစ်ခုဖြစ်နေတယ်ဆိုတာ လေ့လာနေဆဲပဲဖြစ်ပါတယ်။

Ref : Dailymail

Originally published at - http://health.thithtoolwin.com/2015/12/blog-post_31.html


No comments:

Post a Comment