ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 3, 2015

လိင်အကြောင်းပြောခြင်းက ကျန်းမာရေး အန္တရာယ် နည်းပါးစေ




ဆယ်ကျော်သက်တွေ မွေးဖွားထားတဲ့ မိဘတွေ အနေနဲ့ မိမိရဲ့ ကလေးတွေကို လိင်အကြောင်း ပြောပြ ပေးခြင်းဟာ လိုအပ်ပြီး မလိုလား အပ်တဲ့ အန္တရာယ်တွေ မဖြစ်လာ စေဖို့ကို အကူအညီ ဖြစ်တယ်လို့ မကြာသေးမှီက လေ့လာမှု တစ်ရပ် အရ သိရပါတယ်။

အရွယ်ရောက်စ လူငယ်တွေကြားမှာ အန္တရာယ်ရှိ လိင်ပိုင်း အပြုအမူ တွေဟာ ဆိုးရွားလှတဲ့ ပြည်သူ့ ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်နေ ပါတယ်။ မလိုလားတဲ့ ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ပိုင်း အရ ကူးစက် ရောဂါများ ရလာခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်လာလို့ ပါပဲ။

မိဘတွေနဲ့ လူငယ်တွေကြား စကားပြောဆို ပေးခြင်းက အချက် အလက်တစ်ခု ဖြစ်ပါတယ်။ သန္ဓေတားဆေး သုံးတာ၊ ကွန်ဒုံးသုံးတာ စသဖြင့် လိင်ပိုင်းဆိုင်ရာ ဗဟုသုတ အကြောင်းတွေ ပြောပြပေးတာက ဆယ်ကျော်သက် တွေမှာ ပိုမို စိတ်ချရတဲ့ လိင်အပြုအမူ တွေဆီ အပြုသဘော ဆောင်လာ စေပါတယ်။

မိဘတွေမှာ တိကျ သေချာတဲ့ ဗဟုသုတ မရှိတာ၊ ပြောပြဖို့ကို ရှက်နေတာ စတဲ့ အချက်တွေကြောင့် ဒီလို ပွင့်ပွင့် လင်းလင်း ဆွေးနွေး တိုင်ပင်မှုတွေက အမြဲတမ်းတော့ ဖြစ်မလာပါဘူး။

“လိင်ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေး တာက မိဘကိုရော သားသမီးကိုပါ စိတ်မသက် မသာ ဖြစ်စေပါတယ်။ ဒါပေမဲ့ ဒီလိုပြောပေးခြင်းက ဆယ်ကျော်သက် တွေကို ပိုလုံခြုံ စိတ်ချ ရစေပြီး ကျန်းမာရေးကို မထိခိုက်စေမယ့် ဆုံးဖြတ်ချက်တွေ ချလာနိုင်စေတယ်။” လို့ ဦးဆောင် သုတေသီ လက်ထောက် ပါမောက္ခ Laura Widman ကပြောပြ ခဲ့ပါတယ်။

Ref: University Herald

Original link - http://health.thithtoolwin.com/2015/11/blog-post_86.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment