ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

၅ နှစ်အတွင်း HIV ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန်ရှိ




ဥရောပသမ္မဂ ၉နိုင်ငံ၊ သြစတြေးလျ၊ ကနေဒါ နှင့် အမေရိကန် နိုင်ငံများမှ သိပ္ပံပညာရှင်များ ပူးပေါင်းပြီး Human Immunodeficiency Virus (HIV) ရောဂါပိုး ကာကွယ်ဆေး အတွက် ၅နှစ် အတွင်း ထုတ်လုပ် သွားနိုင်ဖို့ ကြိုးစားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

World Health Organization အဆိုအရ ကမ္ဘာပေါ်ရှိ လူဦးရေ ၃၇ သန်းခန့်ဟာ HIV သို့ AIDS ရောဂါခံစား နေရပြီး နှစ်စဉ် လူဦးရေ ၂သန်းခန့်ဟာ HIV ရောဂါပိုး ကူးစက် ခံနေရ တယ်လို့ ဆိုပါတယ်။

“ ဒီ ပရောဂျက်အသစ်က ကျွန်တော်တို့ကို ပိုပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်စေမှာ ဖြစ်ပါတယ်။ ၏

Molecular biologists,Immunologists, Virologists, Biotechnologists , Clinicians စတဲ့ နယ်ပယ် အသီးသီးက ပညာရှင်ပေါင်းများစွာ ပါဝင်ဖွဲ့စည်းထားပြီး စမ်းသပ်ခန်းမှာ နောက်ဆုံးလေ့လာတွေ့ရှိ ချက်တွေကို အခြေခံပြီး လျင်လျင်မြန်မြန်နဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ဆေးဝါးသစ်ကို ရှာဖွေဖော်ထုတ်မှာဖြစ်ပါတယ်။” လို့ Imperial College London မှ ပါမောက္ခဖြစ်သူ Robin Shattuck က ရှင်းလင်းပြောကြားထားပါတယ်။

လက်ရှိစမ်းသပ် ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို ယုန်၊ မျောက်နဲ့ ကြွက်တွေရဲ့ ဆဲလ်တွေအတွင်းမှာ စမ်းသပ်ထားပြီး ဖြစ်နိုင်ချေရှိတဲ့ အကျိုးသက်ရောက်မှုတွေ တွေ့ရတယ်လို့ဆိုပါတယ်။

Ref: Upi

Original link - http://health.thithtoolwin.com/2015/11/hiv.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment