ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 3, 2015

သွေးစစ်၍ သိနိုင်ပြီဖြစ်တဲ့ နှလုံး တိုက်ခိုက်မှု အန္တရာယ်




သွေးထဲက တိကျတဲ့ ဆဲလ်တွေ ရှာဖွေပြီး နှလုံး တိုက်ခိုက်မှု အန္တရာယ် ရှိ / မရှိကို သုံးသပ်နိုင်တဲ့ နည်းပညာ တစ်ရပ်ကို သိပ္ပံပညာရှင်တွေ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ခဲ့ ပါတယ်။

ဒီနည်းပညာကို “fluid biopsy” လို့ အမည်ပေး ထားပါတယ်။ သွေးစစ်လို့ နှလုံးတိုက်ခိုက်မှု အန္တရာယ်ရှိတဲ့ လက္ခဏာပြတဲ့ လူနာတွေဟာ နှလုံး တိုက်ခိုက်မှု တကယ်တွေ့ကြုံ ခံစားရမယ်လို့ သုတေသီ တွေက ယုံကြည် ထားပါတယ်။

နှလုံးအနားသတ် ဆဲလ်အလွှာ အောက်မှာ ရှိတဲ့ endothelial လို့ခေါ်တဲ့ ဆဲလ်တွေဟာ သွေးစီးကြောင်းထဲ လည်ပတ်လိုက်တဲ့ အခါမှာ နှလုံး တိုက်ခိုက်မှု ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာနဲ့ သိပ်ကို ဆက်စပ် နေပါတယ်။

ရောဂါပိုးပါတဲ့ ချေးတွေဖြစ်တည် လာတဲ့ အခါ အဲဒီ နေရာကို ရောက်လာကြပြီး နောက်ပိုင်းမှာ သွေးလွှတ် ကြောတွေ ရောင်ရမ်း လာပါတယ်။

ဒီထိခိုက်မှုဟာ သွေးစပိတ်ပြီး သွေးလွှတ်ကြော သွေးစီးဆင်းမှုကို ဟန့်တားမယ်၊ နောက်တဆင့် နှလုံး တိုက်ခိုက်မှု ဖြစ်လာမယ်။

လူနာ ၇၉ ဦးရဲ့ သွေးနမူနာ တွေထဲက CECsတွေရဲ့ လက္ခဏာ သတ်မှတ်ဖို့နဲ့ အန္တရာယ် ရှိ / မရှိသိဖို့ အတွက် High-Definition Circulationg Endothelial Cell (HD-CEC) လို့ခေါ်တဲ့ သွေးစစ်ဆေးမှုကို သုတေသီ တွေက တီထွင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Life Health

Original link - http://health.thithtoolwin.com/2015/11/blog-post_90.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment