ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 2, 2015

မိခင်နို့မှ တစ်ဆင့် ကလေးငယ်ကို အ၀လွန်ခြင်း ကူးစက်နိုင်




လေ့လာသူတွေက မိခင်နို့ရည်မှာပါဝင်တဲ့ တစ်ချို့ဓါတ်ပေါင်းတွေဟာ အမေဆီကနေ ကလေးငယ်သို့ အဆီတွေကူးပြောင်းစေနိုင်ပြီး အ၀လွန်မှုဖြစ်စေနိုင်ကြောင်း ဆက်စပ်တွေ့ရှိခဲ့ပါသတဲ့။

University of Southern California မှ သိပ္ပံပညာရှင်များက ဒီတစ်ပါတ် ထုတ် American Journal of Clinical Nutrition ဂျာနယ်မှာ Human Milk Oligosaccharides (HMOs) ဓါတ်တွေဟာ ကလေးငယ်ရဲ့ ကြီးထွား ဖွံ့ဖြိုးမှု အပေါ်မှာ လွှမ်းမိုးနိုင်ပြီး ကလေးငယ်တွေ ၆ လမပြည့်ခင် အတွင်း အ၀လွန်ဖို့ အတွက် တွန်းအားပေးနိုင်ကြောင်း ရှင်းလင်းဖော်ပြ ထားပါတယ်။

HMOs နှစ်မျိုးဖြစ်တဲ့ LNFPII နဲ့ DSLNT ဓါတ်ပေါင်းတွေဟာ ဒီလိုအ၀လွန်ခြင်းဖြစ်ပွားမှုအပေါ် အဓိကသက်ရောက်မှုရှိနေတယ်လို့ ဆိုပါတယ်။

HMOs ဟာ မိခင်နို့ရည်မှာ တတိယအများဆုံးပါဝင်တဲ့ ဓါတ်ဖြစ်ပြီး ကိုယ်ခံစွမ်းအား နဲ့ ကြီးထွားမှုအတွက် အဓိကဖြစ်ပြီး ကလေးငယ်တွေဆီကို မိခင်ဆီက အဆီဓါတ်တွေဘယ်လို ကူးပြောင်းသွားစေတယ်ဆိုတာ အဖြေရှာမရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေပါတယ်။

“ ပုံမှန်အားဖြင့် ကျွန်တော်တို့ ထင်တာက အဆီဆိုတာတွေက စားစာရာတွေမှာပဲ ပါဝင်ပြီး သကြားဓါတ်ပါဝင်တဲ့ အဖျော်ယမကာများမှာသာ ပါဝင်လို့ မိခင်နို့ပြတ်ပြီးမှ စားသုံးရင် အ၀လွန်နိုင်တယ်လို့ သတ်မှတ်သိရှိထားကြတာလေ။ အထူးသဖြင့် မိခင်နို့တိုက်ကျွေးနေတဲ့ ကလေးငယ်တွေမှာပါ ၀နေတယ်ဆိုတော့ တစ်ခုခုဖြစ်နေတာတော့ ရှင်းပါတယ်” လို့ Childhood Obesity Research Center မှ လေ့လာရေးညွှန်ကြားရေးမှူး Michael Goran က ရှင်းလင်းပြောကြားထားပါတယ်။

“ ကျွန်တော်တို့ သိရသလောက်ကတော့ မိခင်ရဲ့စားသောက်မှုပုံစံက HMOs တွေအပေါ် ဘယ်လောက် သက်ရောက်မှုရှိတယ်ဆိုတာ လေ့လာထားတာတွေ မရှိသေးပါဘူး။ အဆီပါဝင်တဲ့ စားသောက်မှုပုံစံ ဒါမှမဟုတ် သကြားပါဝင်တဲ့ အစားအသောက်တွေသာ HMOs နဲ့ ဆက်စပ်မှုရှိနေတယ်ဆိုရင်တော့ တကယ်စိတ်ဝင်စားဖို့ကောင်းမှာပါ။ နောက်ထပ် လေ့လာမှုတွေမှာ ကျွန်တော်တို့ တစ်ခုခုထပ်တွေ့မယ်လို့ မျှော်လင့်ပါတယ်ဗျာ” လို့လည်း ဖော်ပြထားပါသေးတယ်။

Ref: Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_3.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment