ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 25, 2015

အင်တာနက်မှာ ညစ်ညမ်းပုံ အလွယ်ရခြင်းက ကာမကိစ္စ အာသာပြင်းပြစေ




အသက် ၂၅နှစ် ဝန်းကျင် အရွယ်ရောက် လူငယ် တော်တော် များများဟာ ကာမ ကိစ္စ အာသာ ပြင်းပြနေ ကြတယ်လို့ ယုံကြည် ထားကြ ပါတယ်။ အင်တာနက်ပေါ်မှာ ညစ်ညမ်း ဓာတ်ပုံ၊ ညစ်ညမ်း ရုပ်ရှင်တွေကို အဆုံးအစ မရှိ ရနေခြင်းက ကာမ ကိစ္စကို အာသာ ပြင်းပြစေတာ ဖြစ်ကြောင်း လေ့လာမှု တစ်ရပ်က ထုတ်ဖော်ပြသ ခဲ့ပါတယ်။

လူတစ်ယောက်ဟာ သူ့ရဲ့ ကာမဆိုင်ရာ အတွေးအမြင်၊ ခံစားမှု ဒါမှမဟုတ် အပြုအမူတွေကို ထိန်းချုပ်ဖို့ ခက်ခဲလာတဲ့ အခါ ကာမကိစ္စ အာသာပြင်းပြ တာပဲဖြစ်ပါတယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စရပ်ပါပဲ။ ၂၅နှစ် ဝန်းကျင် အရွယ်ရောက် လူငယ် တော်တော် များများမှာ သက်ရောက်မှု ရှိပါတယ်။

ဒီလိုဖြစ်ရတာဟာ အင်တာနက်ပေါ်မှာ ကာမဆိုင်ရာ ရုပ်ပုံတွေကို အလွယ်တကူ ရယူသုံးစွဲနေနိုင်တဲ့ အတွက် ဖြစ်ရတာ ဖြစ်ကြောင်း Cambridge တက္ကသိုလ်မှ သုတေသီတွေက အခိုင်အမာ ဆိုထားပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကာမကိစ္စစွဲလန်းသူတွေနဲ့ ကျန်းမာတဲ့အမျိုးသားတွေကို ကာမဆိုင်ရာ ရုပ်ပုံတွေပြပြီး သူတို့ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို စမ်းသပ်ခဲ့ပါတယ်။

ကာမကိစ္စစွဲလန်းသူတွေဟာ ကာမဆိုင်ရာရုပ်ပုံ တစ်ပုံတည်းကို ထပ်ကာပြတဲ့အခါ သူ့ရဲ့ ကာမစွဲလန်းမှုက နည်းလာတယ်လို့ ဦးနှောက်ဓာတ်မှန်တွေက ဖော်ပြပါတယ်။

ထိုနည်းလည်းကောင်းပဲ ကျန်းမာတဲ့သူတွေကို ကာမဆိုင်ရာ ရုပ်ပုံ တစ်ပုံတည်း ထပ်တလဲလဲပြတဲ့အခါမှာလည်း ကာမကို စိတ်ဝင်စားမှုက လျော့သည်ထက်လျော့လာပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_79.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment