ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 18, 2015

ကလေးတွေကို စပျစ်သီးခြောက် ကျွေးမယ်ဆိုရင် နှစ်ကြိမ် စဉ်းစားသင့်




သကြားလုံးတွေ၊ သကြားဓာတ် များတဲ့ သောက်စရာတွေနဲ့၊ အသင့်စား အစားအစား တွေဟာ ကလေးတွေ အတွက် မကောင်းဘူး ဆိုတာ ကျွန်တော်တို့ အားလုံး သိထား ပြီးသားပါ။ အံ့သြ စရာကောင်း လောက်အောင် ဆိုးဆိုး ရွားရွား ထိခိုက်စေတဲ့ လျှို့ဝှက် အစားအသောက် တစ်ခုက ဘာပါလဲ။

ကလေးတွေကို အစား အသောက်တွေနဲ့ အစာပြေ အစားအစာတွေ ကျွေးတော့မယ် ဆိုရင် မိဘတွေ အနေနဲ့ ပိုပြီးသတိ ထားဖို့လိုလာပါပြီ။

သကြားဓာတ်တွေ ပါရှိပြီ အဆီဓာတ် ကြွယ်ဝတဲ့ အစားအစာ ကတော့ စပျစ်သီးခြောက်ပါပဲ။ အာဟာရ ရှိတယ်၊ ဖွံ့ဖြိုးမှုပိုင်း အတွက် အကျိုးရှိတယ် ဆိုပေမဲ့ ကလေးရဲ့ သွားကျန်းမာရေး အတွက်ကျတော့ ပြောင်းပြန်ပါပဲ။ အသက်ကြီး လာတဲ့ အခါတောင် ကျန်မာရေး ပြဿနာ ဆိုးဆိုးရွားရွား တွေကို ဖြစ်စေနိုင် ပါတယ်။

ကလေးတွေ သွားပျက်စီး ရခြင်းအကြောင်းရင်း ထဲမှာ ဘာက အဓိက အဖြစ်များ ဆုံးလဲ ဆိုတာကို သွားဆရာဝန်လဲဖြစ်၊ ကလေး တစ်ယောက် မိခင်လဲဖြစ်တဲ့ Saara Sabir ကို မေးကြည့် ဖြစ်ခဲ့ပါတယ်။

အဖြေကတော့ စပျစ်သီးခြောက်တွေနဲ့ ယေဘုယျအားဖြင့် အသီးခြောက်တွေ ပါတဲ့။

"စပျစ်သီးခြောက်တွေနဲ့ အသီးခြောက်တွေက တကယ့် ပြဿနာပါပဲ။ အသီးခြောက်တွေမှာ အာဟာရ တော်တော်များများ ပါတဲ့ အတွက် ကျွေးဖို့ ကောင်းတယ်လို့ မိဘတော်တော် များများက ထင်ကြတယ်။ အသီးခြောက်တွေမှာ သကြားဓာတ် များများ ပါဝင်မှုက ကလေးတွေရဲ့ သွားတွေကို ဆိုးဆိုး ရွားရွား ပျက်စီးစေတယ်။" လို့ Saara က ရှင်းပြ ခဲ့ပါတယ်။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_17.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment