ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 18, 2015

များပြားလာတဲ့ ကမ္ဘာ့ လူဦးရေနဲ့ စားနပ်ရိက္ခာ ပြဿနာကြောင့် အနာဂတ်မှာ လူ့ အရွယ်အစားကို ချုံ့ပစ်ရနိုင်




လူသား မျိုးနွယ်ရဲ့ သမိုင်း တစ်လျှောက်မှာ၊ အရွယ် အစား ကြီးမားခြင်းက ပိုကောင်းတယ်လို့ ယူဆ ခဲ့ကြ ပါတယ်။

ကျွန်တော်တို့ ရဲ့ ရှေးဘိုးဘေးဘီဘင် တွေဟာ အရပ်ပိုရှည်၊ ပိုမြန်၊ ပိုသန်မာ တာကြောင့် အမဲ လိုက်ရာနဲ့ သားရဲ တိရစ္ဆာန်ကြီး တွေရဲ့ အန္တရာယ်ကို ရှောင်ရှား ရာမှာ ပိုအသုံးကျ ခဲ့ပါတယ်။

ဒါပေမယ့် အခုခေတ်ကြီး မှာတော့ အစားအစာ တစ်လုပ် အတွက် တိုက်ခိုက် သတ်ပုတ်နေစရာ မလိုတော့ဘဲ၊ ကျွန်တော်တို့ တွေရဲ့ အရပ်အမြင့် ကလည်း တကယ် အသုံးဝင်တာ သိပ်မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့်မို့ လို့ ၊ လူတွေရဲ့အရွယ်အစားကို ၅၀ စင်တီမီတာလောက်အထိ ချုံ့ ပစ်ကာ လက်ရှိ သာမန်လူ တစ်ယောက်လိုအပ်တဲ့ အာဟာရ၊ အရင်းအမြစ်တွေရဲ့ နှစ်ရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းလောက်သာ လိုအပ် စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ဒတ်ခ်ျလူမျိုးပညာရှင်၊ Arne Hendriks ရဲ့ တွက်ချက်ခန့် မှန်းမှုဖြစ်ပြီး လက်ရှိ လူဦးရေ ၇ ဘီလီယံ အထိ ရောက်ရှိနေတဲ့ ကမ္ဘာ့လူဦးရေဟာ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ခုနှစ်ကတည်းက Hendriks ဟာ ‘ Incredible Shrinking Man’ ဆိုတဲ့ ပရောဂျက်တစ်ခုကို စတင်ကာ သူ့ ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖြန့် ခဲ့ပါတယ်။

သူ့ အိုင်ဒီယာရဲ့ ရည်ရွယ်ချက်ကတော့ အရွယ်အစားပိုမိုကြီးမားခြင်းက ပိုအသုံးကျတယ်ဆိုတဲ့ ယူဆချက်ကို စိန်ခေါ်ဖို့ ဖြစ်ပါတယ်။ Hendriks ရဲ့ အဆိုအရ လူတစ်ယောက်ရဲ့ အရွယ်အစားကို သေးငယ်အောင် ချုံ့ ပစ်ခြင်းက အာဟာရအရင်းအမြစ်အနည်းငယ်သာ စားသုံးဖို့ လိုအပ်တော့မှာ ဖြစ်ပြီး အစစအရာရာ ရှားပါးတဲ့ လက်ရှိကမ္ဘာကြီးကနေ အရင်းအမြစ်ပေါကြွယ်ဝတဲ့ကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်မှာ ဖြစ်တယ်လို့  ဆိုပါတယ်။

“ ခရမ်းချဉ်သီးတစ်လုံးက လူတစ်ရာလောက် စားနိုင်တဲ့စွပ်ပြုတ်တစ်ခွက် လုပ်နိုင်မှာဖြစ်ပြီး ကြက်တစ်ကောင် ကလည်း လူတစ်ရာအတွက် လောက်မှာဖြစ်ပါတယ်” လို့ Hendriks က သူ့ ရဲ့ ၀က်ဘ်ဆိုဒ်မှာ ရေးသားထားပါတယ်။

ဒီ အယူအဆဟာ သဘာဝမကျဘူးလို့ ထင်စရာရှိပေမယ့် Hendriks ရဲ့ အဆိုအရတော့ လူတစ်ယောက်ရဲ့ ကြီးထွားမှုနှုန်းကို နှေးကွေးစေမယ့် ဆေးရည်တစ်မျိုးမျိုးကို ဖော်စပ်ဖို့ ရာ သိပ္ပံနည်းအရ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အရွယ်အစားကိုချုံ့ ဖို့ ရာ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကျွန်တော်တို့ ရဲ့ DNA တွေကို ပြောင်းလဲချိန်ညှိခြင်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ၅၀ စင်တီမီတာလောက်သာ ရှိတဲ့လူတစ်ယောက်ဖြစ်ရခြင်းမှာ အဓိကဆိုးကျိုးအချက်တွေလည်း ရှိနေပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ရဲ့ ဦးနှောက်ဟာ သစ်ကြားသီးတစ်လုံးလောက်တောင် ကြီးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရမှာလည်း ဦးနှောက်အရွယ်အစား လျော့သွားခြင်းဟာ ဥာဏ်ရည်နည်းပါးသွားခြင်းနဲ့ မသက်ဆိုင်ဘူးလို့ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/11/blog-post_61.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment