ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 18, 2015

အမေရိက မှာ ပထမဆုံး အကြိမ် သားအိမ် အစားထိုး ခွဲစိတ်ကုသမှု တွေ ပြုလုပ်တော့မည်




ပထမဆုံး အကြိမ် အနေနဲ့ သန္ဓေမအောင်နိုင်တဲ့ အမေရိက အမျိုးသမီး တွေဟာ သားအိမ် အစားထိုး ခွဲစိတ် ကုသမှု တွေကို ဦးဆောင် ခဲ့သူတွေ ဖြစ်လာ တော့မှာပါ.

အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ဆေးရုံ တစ်ရုံဟာ ဆွီဒင်နိုင်ငံမှာ အောင်မြင်စွာ အတည်ပြုပြီး ဖြစ်တဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုကို စတင်ဖို့ ပြင်ဆင် နေပါပြီ။

Cleveland ဆေးရုံကပြောပြ ခဲ့တာကတော့ သူတို့ဟာ အမေရိကန်ပြည်ထောင်စုမှာ သားအိမ် အစားထိုး ခွဲစိတ် ကုသမှု ပြုလုပ်တဲ့ ပထမဆုံး ဆေးရုံဖြစ်လာမှာ ဖြစ်ပြီး အမျိုးသမီး ၁၀ ယောက် အထိ ပထမဆုံး အကြိမ်မှာ ကုသပေး သွားမယ် လို့လည်း သိရပါတယ်။

ထို ခွဲစိတ် ကုသမှု တွေကို လာမယ့် လ အနည်းငယ် အတွင်း စတင်သွားမှာ ဖြစ်ပြီး ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်တဲ့ အမျိုးသမီးတွေ အတွက် ထိုဆေးရုံကို ဖွင့်လှစ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန် မဆောင်နိုင်တဲ့ အကြောင်းအရင်း ၃ ခု ရှိနေ ပါတယ်။ တစ်ခုကတော့ သားအိမ် မပါဝင်ပဲ မွေးဖွား လာတာကြောင့်ဖြစ်ပြီး ကျန် ၂ခုကတော့ သားအိမ်ကို ဆုံးရှုံး လိုက်ရတာနဲ့ သားအိမ်ဟာ လုပ်ဆောင်ချက် ချို့ယွင်းနေတာ တွေကြောင့်ပါ။

ထိုခွဲစိတ်ကုသမှုမှာတော့ လှုဒါန်းထားတဲ့ သားအိမ်တွေကို ထည့်သွင်းအသုံးပြုမှာဖြစ်ပြီး ထိုသားအိမ်တွေကို ယာယီပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သားအိမ်အစားထိုး ခွဲစိတ်ကုသမှု ခံယူမယ့် အမျိုးသမီးတွေဟာ တစ်ကြိမ် (သို့) နှစ်ကြိမ် ကိုယ်ဝန်ဆောင်ပြီးတဲ့အခါမှာ ထိုထည့်သွင်းထားတဲ့ သားအိမ်ကို ဖယ်ရှားရမှာဖြစ်ပါတယ်။

ဒါဟာ ကိုယ်ဝန်မဆောင်နိုင်တဲ့မိခင်တွေကို ကိုယ့်မျိုးရိုးဗီဇ နဲ့ ရင်သွေးတစ်ယောက်ရရှိစေကာ ကိုယ်ဝန်ဆောင် အတွေ့အကြုံတွေကိုလည်း ရရှိနိုင်အောင်ဖန်တီးပေးတာဖြစ်တယ်လို့ ထိုဆေးရုံက ဆိုပါတယ်။

အခုပြုလုပ်မယ်ဆိုတဲ့ သားအိမ်အစားထိုး ခွဲစိတ်ကုသမှုဟာ ကမ္ဘာမှာတော့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဆွီဒင်နိုင်ငံ က ဂေါ့သမ်ဘာ့ဂ် တက္ကသိုလ်ဟာ အစားထိုးထည့်သွင်းထားတဲ့ သားအိမ်နဲ့ ပထမဆုံးအကြိမ် မီးဖွားခြင်းကို ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလမှာ အောင်မြင်ပြီးစီး ခဲ့ပါသေးတယ်။

ဆွီဒင် သုတေသီအဖွဲ့ဟာ သားအိမ်အစားထိုးမှု ၉ ခုပြုလုပ်ခဲ့ရာမှာ ၅ ခု ဟာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး ၄ ခု ဟာ မီးဖွားမှု ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

Cleveland ဆေးရုံက သားအိမ်အစားထိုး ကုသမှု ပြုလုပ်ပေးသွားမယ့် အမျိုးသမီးတွေဟာ အသက် ၂၁ နှစ်ကနေ ၃၉ နှစ်အတွင်း ဖြစ်ကြပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/11/blog-post_30.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment