ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 12, 2015

ရင်သား အစားထိုး ခွဲစိတ် ကုသခြင်း အပေါ် ပြန်လည် သုံးသပ် ချက်များ




ရင်သား ကို ဆီလီကွန် ဂျဲလ် တွေ အစားထိုး ထည့်သွင်းခြင်း ရဲ့ လုံခြုံမှု အတွက် ကောင်းမွန်တဲ့ သက်သေ ဟာ ဆီလီကွန် ရင်သား အတု တွေ အမေရိကန် ဈေးကွက် ထဲ ၀င်ရောက် လာပြီး ၁၀ နှစ် ခန့်ကြာသည် အထိ ရှာမတွေ့သေးဘူး လို့ ပြန်လည် သုံးသပ်မှု တစ်ခုက သတိပေး လိုက်ပါတယ်။

ပြီးခဲ့တဲ့ သုတေသန တွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကို မဖော်ပြနိုင်ခဲ့သလိုပဲ ရင်သား အစားထိုးခြင်း နဲ့ အရေးကြီးတဲ့ ကျန်းမာရေး အခြေအနေကြားက မှန်ကန်တဲ့ ဆက်နွယ်နေမှုတွေကိုလည်း ဖော်ပြနိုင်ခြင်းမရှိခဲ့သေးပါဘူး။

အမေရိကန် နိုင်ငံမှာတော့ ရင်သား ကြီးထွားအောင်ပြုလုပ်ခြင်းဟာ ၂၀၁၄ ခုနှစ်အတွင်း အလှအပဆိုင်ရာ ခွဲစိတ်မှုတွေအားလုံးထဲမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ အမျိုးသမီး ၂၈၆၀၀၀ ယောက်ကျော်ကျော် ဟာ ထို ခွဲစိတ်မှုကိုပြုလုပ်ခဲ့ကြတယ်လို့ American Society of Plastic Surgeons ရဲ့ ဖော်ပြချက်အရသိရပါတယ်။

အမေရိကန်နိုင်ငံ ရဲ့ အစားအသောက် နဲ့ ဆေးဝါးဆိုင်ရာ ခွင့်ပြုဌာန(FDA) ဟာ ရင်သားအစားထိုးတဲ့ ဆီလီကွန် ဂျဲလ် တွေကို ပြည်သူ့ကဏ္ဍ အတွက် ၁၉၉၂ ခုနှစ်မှာ အရောင်းရပ်ခဲ့ပေမယ့် ၂၀၀၆ ခုနှစ်မှာတော့ ရင်သားခွဲစိတ်မှု တွေ ပြန်လည် အစပျိုးလားပြန်ပါတယ်။ လေ့လာဆန်းစစ်ချက်အသစ်တစ်ခုအရတော့ သုတေသီတွေဟာ ရင်သားအစားထိုးခွဲစိတ်မှုတွေအပြီးမှာ ထွက်ပေါ်လာတဲ့ ကျန်းမာရေး ရလဒ် ၅၀၀၀ ကျော်ကို ပြန်လည် သုံးသပ်ခဲ့ကြပါတယ်။

သုတေသီတွေ စိတ်ဝင်စားခဲ့တာကတော့ ရင်သား အစားထိုး ဆီလီကွန်ဂျဲလ်တွေနဲ့ ကင်ဆာရောဂါ အမျိုးမျိုး ၊ ချိတ်ဆက်တစ်သျှူး ရောဂါ များ ၊ ခုခံအား စနစ် ပျက်စီးယိုယွင်းခြင်း ၊ သွေးလည်ပတ်မှု ပြဿနာ ၊ မျိုးပွားခြင်းဆိုင်ရာ အကြောင်းအရာများ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တို့ရဲ့ ကြားက ဖြစ်နိုင်ချေ ရှိတဲ့ ဆက်နွယ်နေမှုတွေကို ပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိကျတဲ့ ရလဒ်ကိုတော့ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပါဘူး။ ရင်သားခွဲစိတ်ကုသခြင်း နဲ့ ပတ်သက်ပြီးဆေးပညာ ကျွမ်းကျင်သူတွေ ဆွေးနွေး အကြံပြုထားတာကတော့ ရင်သားအစားထိုးခြင်းဟာ ရင်သား ကင်ဆာ နဲ့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ချေတွေကို လျော့ကျစေနိုင်ပေမယ့် အဆုတ်ကင်ဆာ ၊ ခုခံအားစနစ် ပျက်စီးယိုယွင်းခြင်း ၊ သွေးလည်ပတ်မှု ပြဿနာ စတာတွေကိုတော့ ပိုမိုဖြစ်လာစေနိုင်တယ် ဆိုတာပါပဲ။

ရင်သား အစားထိုး ကုသခြင်း ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို တိကျသေချာစွာဖော်ပြဖို့ကတော့ အခုထိ ဒွိဟ ဖြစ်နေဆဲပါ။ဒီ ပြန်လည် သုံးသပ်ချက်တွေကိုတော့ Annals of Internal Medicine ဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/11/blog-post_18.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment