ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 10, 2015

ခွန်အားဖြည့် အချိုရည်တွေက နှလုံးကို ထိခိုက်စေ




ပြီးခဲ့တဲ့နှစ်ပိုင်း အတွင်းမှာ ခွန်အားဖြည့် အချိုရည်တွေက တစ်ခေတ် ဆန်းလာ ပါတယ်။ ခွန်အားဖြည့် အချိုရည်တွေက နှလုံး ကျန်းမာရေး အပေါ် ဘယ်လို အကျိုး သက်ရောက်တယ် ဆိုတာကို သုတေသီတွေက လေ့လာမှု ပြုခဲ့ ကြပါတယ်။

ဘယ် ခွန်အားဖြည့် အချိုရည်ကို မဆို တစ်ကြိမ်သောက်သုံး တာနဲ့ နှလုံး ကျန်းမာရေးကို ယာယီ အကျိုးသက်ရောက်မှု ရှိတယ်လို့ လေ့လာမှုက သုံးသပ် ခဲ့ပါတယ်။ ခွန်အားဖြည့် အချိုရည် တစ်ဗူးသောက်ရင်တောင် နှလုံး အန္တရာယ် ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရတဲ့ အတွက် ဒီလေ့လာမှုက လူတော်တော် များများကို ထိတ်လန့်စေခဲ့ ပါတယ်။

Rockstar ခွန်အားဖြည့်အချိုရည်မှာ norepinephrine ဟော်မုန်း ပမာဏ တော်တော် များများပါရှိပြီး ၁၆အောင်စ သောက်သူရဲ့ သွေးပေါင်ချိန်ဟာ တက်လာ ခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့ ရပါတယ်။ norepinephrine ဟော်မုန်းဆိုတာ သွေးပေါင်ချိန်ကို တက်စေတဲ့ adrenaline နဲ့ ခပ်ဆင်ဆင် တူပါတယ်။

ဒီလေ့လာမှုရလဒ်တွေကို အမေရိကန် နှလုံး အဖွဲ့အစည်း သိပ္ပံပညာကဏ္ဍာများ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ အမေရိကန် ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးပါ။

Ref: NY City Today

Original link - http://health.thithtoolwin.com/2015/11/blog-post_11.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment