ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 4, 2015

ချမ်းသာတဲ့ နိုင်ငံတွေမှာ ပညာမတတ် သူတွေသာ အ၀လွန် ရောဂါ အဖြစ်များ




အ၀လွန်ခြင်း ၊ ပညာရေး နဲ့ နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်း ထုတ်ကုန် နှုန်းထားတွေဟာ ဆက်စပ်နေ တယ်လို့ သုတေသီတွေက လေ့လာမှု တစ်ခုအရ ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။ အရင်တုန်းက ပြုလုပ် ခဲ့ဖူးတဲ့ လေ့လာမှု တွေက သက်သေပြ ခဲ့ဖူးတာဟာ နိုင်ငံတစ်နိုင်ငံဟာ ချမ်းသာလေလေ ပြည်သူတွေ အ၀ လွန်လေလေ ပဲ ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု နှုန်းထားနဲ့ အ၀လွန်ခြင်းတို့ဟာ ဆက်စပ်နေ သလိုပဲ ပညာရေး ဟာလည်း ပါဝင် ပတ်သက်နေ တယ်လို့ သုတေသီတွေက ရှာဖွေတွေ့ရှိ ခဲ့ကြပြန်ပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေမှာဆိုရင် အ၀လွန်ခြင်းဟာ ပညာရေး နိမ့်ပါးတဲ့ ပြည်သူတွေမှာပဲ အဖြစ်များတာကို တွေ့ရပြီး ဆင်းရဲ တဲ့နိုင်ငံတွေမှာတော့ အ၀လွန်ခြင်းဟာ ပညာရေး မြင့်မားတဲ့ ပြည်သူတွေဆီမှာပဲ အဖြစ်များတာကိုတွေ့ရပြန်ပါတယ်။

သုတေသီ တွေဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံပေါင်း ၇၀ ကနေ လူဦးရေ ၄၁၂၉၂၁ ယောက်ရဲ့ အချက်အလက် ဒေတာ အချို့ကို စုဆောင်းခဲ့ကြပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု နှုန်းထားဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နဲ့ ပညာရေးအခြေအနေ ခြားနားမှုတွေကို တိုင်းတာဖို့ အတွက် အသုံးပြုခဲ့ပါတယ်။

အချက်အလက်တွေအရတော့ နိုင်ငံ ရဲ့ ၀င်ငွေမြင့်တဲ့ နိုင်ငံတွေမှာ ပညာရေး နိမ့်ပါးတဲ့ သူတွေဟာ အ၀လွန်တဲ့ အနေအထားမှာ အဖြစ်များနေတာကိုတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုအခြေအနေတွေဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ပိုပြီး သက်ရောက်မှု ရှိနေတာကိုလည်း သုတေသီ အဖွဲ့က တွေ့ခဲ့ကြပြန်ပါတယ်။

ဒီလို ဆက်စပ်နေရခြင်းရဲ့ အကြောင်းအရင်း အတိအကျကိုတော့ သုတေသီတွေက ရှာဖွေသိရှိခဲ့ခြင်းမရှိသလို နိုင်ငံတစ်နိုင်ငံရဲ့ ၀င်ငွေ နဲ့ ပညာရေးဟာ အ၀လွန်ခြင်း နဲ့ အပြန်အလှန်သက်ရောက်မှု ရှိနေသလားဆိုတာကိုလည်း ပြောနိုင်စွမ်းမရှိခဲ့ပါဘူး။ သူတို့ဟာ ဆက်စပ်နေမှု အချိုးကိုသာ သိရှိခဲ့ကြတာဖြစ်ပါတယ်။

ထို လေ့လာမှုကိုတော့ Epidemiology and Community Health ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Original link - http://health.thithtoolwin.com/2015/10/blog-post_4.html

No comments:

Post a Comment