ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 4, 2015

နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးမှုနှုန်း ဟာ ဆယ်စုနှစ် တစ်ခုတွင်း မြင့်တက် နိုင်ဖွယ်ရှိ




နှလုံးသွေးကြော ဆိုင်ရာရောဂါ တွေကြောင့် သေဆုံးမှုကို နိုင်ငံတွေ အနေနဲ့ ကျန်းမာရေး သတိပေး မှုတွေ အပြင်းအထန် မပြုလုပ်ဘူး ဆိုရင်တော့ လာမယ့် ဆယ်စုနှစ် တစ်ခု အတွင်း ကမ္ဘာ တစ်ဝှမ်းလုံးမှာ တစ်နှစ်ကို လူဦးရေ ၈ သန်းခန့် ထိ သေဆုံးမှုနှုန်း မြင့်တက် လာနိုင်ဖွယ် ရှိတယ်လို့ လေ့လာမှု အသစ် တစ်ခုက ဆိုလိုက် ပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၅ ခုနှစ်မှာ နှလုံး သွေးကြောဆိုင်ရာ ရောဂါ တွေကြောင့် အရွယ် မတိုင်မှီ သေဆုံးမှု ကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချ မယ်ဆိုတဲ့ သတ်မှတ် ချက်ဟာ သွေးဖိအား
မြင့်မားခြင်း ၊ ဆေးရွက်ကြီး အသုံးပြုခြင်း ၊ အ၀လွန်ခြင်း နဲ့ ဆီးချို သွေးချို စတဲ့ အခြေအနေ တွေကြောင့် ဖြစ်နိုင်ချေ တစ်ဖြည်းဖြည်း နည်းလာ ခဲ့ပါတယ်။

သုတေသီတွေဟာ ၂၀၂၅ ခုနှစ်မတိုင်ခင်နိုင်ငံပေါင်း ၁၈၈ နိုင်ငံက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးမှုနှုန်းထားကို လေ့လာခဲ့တဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ကြားထဲက Global Burden of Disease ၊ Risk Factors and Injuries ဆိုတဲ့ လေ့လာမှု ကနေ လိုအပ်တဲ့အချက်အလက်တွေကို ယူသုံးခဲ့ကြပါတယ်။

ပထမတော့ ကုလသမဂ္ဂ အပါအ၀င် အခြား အဖွဲ့ အစည်းတွေက ခန့်မှန်းထား ခဲ့တာ ကတော့ ၂၀၂၅ ခုနှစ်မှာ အမျိုးသားတွေရဲ့ နှလုံးသွေးကြော ဆိုင်ရာ ရောဂါကြောင့် သေဆုံးမှု နှုန်း ၂၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေက ၂၃ ရာခိုင်နှုန်းဆီ လျော့ကျ သွားမယ်ဆိုရင် တစ်ကမ္ဘာလုံး က နှလုံးသွေးကြော ဆိုင်ရာ ရောဂါကြောင့် သေဆုံးမှု နှုန်း ဟာ ၅.၇ သန်းထိ လျော့ကျနိုင် မယ်လို့ မျှော်လင့် ထားတာပါ။

တစ်ကယ်တမ်း သုတေသီတွေက ဆေးရွက်ကြီး သောက်သုံးမှု ၊ ဆီးချိုသွေးချို နဲ့ အ၀လွန်ခြင်း တို့ကြောင့် သေဆုံးမှု နှုန်းထား အချက်အလက် တွေကို ရယူပြီး တွက်ချက် လိုက်တဲ့ အခါမှာတော့ ၂၀၂၅ မှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် သေဆုံးမှု နှုန်း ဟာ တစ်ကမ္ဘာလုံးမှာ လူဦးရေ ၇.၈ သန်းခန့် အထိ ရှိလာနိုင် တယ်လို့ ဆိုလိုက် ပါတယ်။

သုတေသီတွေ ပြောပြ ခဲ့တာကတော့ လက်ရှိ ခန့်မှန်း မှုထက် ကောင်းကျိုး ရှိလာစေမယ့် ပြောင်းလဲမှု တွေ ကျယ်ပြန့်စွာ ဖြစ်ထွန်းလာဖို့ အတွက်ဟာ နေရာဒေသနဲ့ ဆိုင်ပါ တယ်တဲ့။ နှလုံးသွေးကြော ဆိုင်ရာ ရောဂါကြောင့် သေဆုံးမှု နှုန်း ဟာ နေရာဒေသ ရဲ့ လူနေမှု ပုံစံ နဲ့ အစားအစာ အပေါ်မူတည်ပြီးသာ ပြောင်းလဲနိုင် တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ထို လေ့လာမှု ကိုတော့ Circulation ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Original link - http://health.thithtoolwin.com/2015/10/blog-post_7.html

No comments:

Post a Comment