
လိင်နှစ်မျိုး စိတ်ဝင် စားသူ အရေ အတွက်မှာ အမျိုးသမီး ဦးရေက အမျိုးသား ဦးရေထက် နှစ်ဆ များနေ တယ်လို့ ဗြိတိန်နိုင်ငံ လိင်မှု ပိုင်းခြားရေးမှာ ယနေ့ ထုတ်ပြန် လာပါတယ်။
ဗြိတိန်နိုင်ငံမှာ အရွယ် ရောက်ပြီးသူ ၉၃ ရာခိုင်နှုန်းဟာ ဆန့်ကျင်ဘက် လိင် တစ်မျိုး တည်းသာ စိတ်ဝင် စားသူတွေ ဖြစ်ကြပါတယ်။ အမျိုးသားချင်း စိတ်ဝင်စားသူ (သို့မဟုတ်) အမျိုးသမီးချင်း စိတ်ဝင် စားသူ အရေ အတွက် ၁ ဒဿမ ၁ ရာခိုင်နှုန်း ရှိပြီး ၀ ဒဿမ ၅ ရာခိုင်နှုန်းကတော့ လိင်နှစ်မျိုး စိတ်ဝင် စားသူတွေ ဖြစ်တယ်လို့ သိရ ပါတယ်။
နိုင်ငံတော် စာရင်းအင်း ရုံးရဲ့ ထုတ်ပြန် ချက်မှာ အမျိုးသားနဲ့ အမျိုးသမီး အကြား ခြားနား ချက်တွေကို ဖော်ပြ ထားပါတယ်။ နိုင်ငံသားတွေကို “လိင်ပိုင်း ဆိုင်ရာ စိတ်ဝင်စားမှု” နဲ့ ပတ်သက်ပြီး မေးမြန်းကာ စစ်တမ်း ကောက်ခဲ့ တာပါ။ လူအများစုက ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စား သူတွေ အဖြစ် ၀န်ခံ ထားကြပေမဲ့ ၄ရာခိုင်နှုန်းက ဖြေဖို့ ငြင်းဆန် ခဲ့ပြီး ၁ ဒဿမ ၄ရာခိုင်နှုန်းကတော့ တုံ့ ပြန်မှု တစ်စုံတရာ မရှိခဲ့ပါဘူး။
အလုပ်အကိုင်နဲ့ စဉ်လိုက်မယ် ဆိုရင်၊ အုပ်ချုပ်မှုပိုင်း လုပ်ဆောင်နေ သူတွေနဲ့ ကျွမ်းကျင် အလုပ် လုပ်ကိုင် နေသူတွေဟာ လိင်တူ စိတ်ဝင်စားသူ (ဒါမှမဟုတ်) လိင်နှစ်မျိုး စိတ်ဝင်စားသူ အရေ အတွက်ဟာ အလယ် အလတ် လုပ်ငန်း လုပ်ကိုင်နေသူအရေ အတွက်ထက် ပိုများနေ တာကို တွေ့ရပါတယ်။
Ref:Daily Mail
Original link - http://health.thithtoolwin.com/2015/10/blog-post_48.html

No comments:
Post a Comment