ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 6, 2015

ကပ်ပါးပိုးကြောင့် ဖြစ်သည့် ရောဂါကုထုံးသစ် များကို ရှာဖွေတွေ့ရှိသူ တရုတ်၊ အိုင်ယာလန်နှင့် ဂျပန် သိပ္ပံပညာရှင် တို့ကို ဆေးပညာ နိုဘယ်ဆု ပေးအပ်



2015 Nobel Prize in medicine: Trio win for malaria, parasite research

William C. Campbell (left), Satoshi Ōmura (centre) and Tu Youyou are this year's winners of the Nobel Prize in medicine for their work on fighting malaria and other tropical diseases.

စတော့ဟုမ်း ၊ ၆-၁ဝ-၂ဝ၁၅

ကပ်ပါးပိုးကြောင့် ဖြစ်သည့် ရောဂါများအား ပျောက်ကင်း စေနိုင်သော ကုထုံးအသစ် များကို ရှာဖွေတွေ့ရှိခဲ့ သူများဖြစ်သည့် တရုတ်၊ အိုင်ယာလန် နှင့် ဂျပန်နိုင်ငံတို့မှ သိပ္ပံပညာရှင် များကို ၂ဝ၁၅ ခုနှစ်အတွက် ဆေးပညာ နိုဘယ်ဆု ပေးအပ်ကြောင်း ဆွီဒင်နိုင်ငံ ကာရိုလင်စကာ တက္ကသိုလ်တွင် ပြုလုပ်သည့် နိုဘယ်ဆု ရွေးချယ်ရေး အစည်းအဝေး က အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန် ကြေညာ ထားသည်။

အဆိုပါဆုကို တရုတ်နိုင်ငံမှ သိပ္ပံပညာရှင် တူးယိုယို က ငှက်ဖျားရောဂါပိုး ကုသမှုအတွက် ကုထုံးအသစ်ကို တွေ့ရှိခဲ့ သောကြောင့် နိုဘယ်ဆု တစ်ဝက်ကို ရရှိခဲ့ပြီး အိုင်ယာလန် နိုင်ငံသား ဝီလီယံကမ့်ဘဲလ် နှင့် ဂျပန်နိုင်ငံသား ဆာတိုရှီအိုမူရာ တို့သည် ကပ်ပါးပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါ များကို ကုသသည့် ကုထုံးအသစ်ကို တွေ့ရှိခဲ့ သောကြောင့် ကျန် နိုဘယ်ဆု တစ်ဝက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

တူးယိုယို သည် ငှက်ဖျား ရောဂါပိုးကြောင့် အသက်ဆုံးရှုံးမှု နှုန်းကို လျှော့ချ ပေးနိုင်ခဲ့သည့် Artemisinin ဆေးဝါးကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ကမ့်ဘဲလ် နှင့် အိုမူရာ တို့သည် ကပ်ပါးပိုးကြောင့် ဖြစ်သည့် မျက်စိကွယ်မှု နှင့် ပြန်ရည်ကြော မှတစ်ဆင့် ရောဂါပျံ့နှံ့မှုကို သိသာစွာ လျှော့ချပေး နိုင်သည့်အပြင် အခြား ကပ်ပါးပိုးကြောင့် ဖြစ်သည့် ရောဂါများ ကိုလည်း သက်သာ ပျောက်ကင်း စေသော Avermectin ဆေးဝါးကို တွေ့ရှိ ခဲ့ခြင်းကြောင့် ယခု ကဲ့သို့ ဆေးပညာ နိုဘယ်ဆု ချီးမြှင့်ခြင်း ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး က ပြောကြား ထားသည်။

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/10/blog-post_0.html

No comments:

Post a Comment