
မိန်းကလေးတွေဟာ ယောဂ ဘောင်းဘီတွေ ရေကူး ဝတ်စုံတွေ နဲ့ ကြည့်ကောင်းချင် ကြပါတယ်။ ဒီစိတ်ကြောင့် “designer vagina” လို့ခေါ်တဲ့ ယောနိ ခွဲစိတ်ပြုပြင်မှု ခံယူဖို့ကို မိန်းကလေး တွေဟာ ရွေးချယ် လာကြ တယ်လို့ ပလတ်စတစ် ဆာဂျရီ ခွဲစိတ် ဆရာဝန်တွေက ဖော်ပြ ခဲ့ပါတယ်။
အသက် ၁၆ နှစ် အရွယ် မိန်းကလေးက အစ အသက် ၇၀ကျော် အမျိုးသမီးကြီးတွေ အထိဟာ သူတို့ရဲ့ ယောနိ ပုံသဏ္ဍာန် လှပရေး အတွက် အလှအပ ရေးရာ ခွဲစိတ်ပြုပြင် မှုတွေ ခံယူနေ ကြပါတယ်။
တစ်သျှူး ဖယ်ထုတ်ခြင်း နဲ့ ပုံသဏ္ဍာန် ပြုပြင်ခြင်း ခွဲစိတ်မှု အရေ အတွက်ဟာ သိသိသာသာ တိုးတက် လာကြောင်း ရသ ပလတ်စတစ် ဆာဂျရီ ဆိုင်ရာ အမေရိကန် အဖွဲ့အစည်း (ASAPS) က မှတ်တမ်းပြ ခဲ့ပါတယ်။
၂၀၁၃ခုနှစ်နဲ့ ၂၀၁၄ခုနှစ် စာရင်းတွေအရ တစ်နှစ် အတွင်း ၄၉ရာခိုင်နှုန်း တိုးလာခဲ့တာပါ။
Labiaplasty လို့ခေါ်တဲ့ ယောနိ တစ်ဝိုက်က အတွင်းဘက် နှုတ်ခမ်းသား တွေကို ခွဲစိတ်မှု ခံယူကြတာပါ။
Labia major လို့ခေါ်တဲ့ အပြင်ဘက် နှုတ်ခမ်းသားတွေကို ခွဲစိတ်မှု ပြုတာတွေလဲ ရှိပါတယ်။ ခွဲစိတ်မှု ပြုပြီးတဲ့ အခါ အမျိုးသမီး တစ်ယောက်ရဲ့ ယောနိနှုတ်ခမ်းသား အရွယ်နဲ့ ပုံသဏ္ဍာန်ဟာ ပြောင်းလဲ သွားပါတယ်။
အထူးသဖြင့် ယောနိနှုတ်ခမ်းသား သေးသွားစေဖို့ အတွက် ခွဲစိတ်မှုကို ခံယူကြတာပါ။
Ref: Daily Mail
Original link - http://health.thithtoolwin.com/2015/10/blog-post_88.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment