
HIV/AIDS ရောဂါသည် တွေမှာ တီဘီ ရောဂါကြောင့် သေဆုံး ရခြင်းဟာ ထိပ်တန်း အကြောင်းရင်း တစ်ရပ် ဖြစ်လာတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း ကနေ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။
၂၀၁၄ခုနှစ် အတွင်းမှာ တီဘီရောဂါကြောင့် သေဆုံးခဲ့သူဟာ ၁.၁ သန်း ရှိခဲ့ပါတယ်။ တစ်ချိန်တည်း မှာပဲ HIV/AIDS ကြောင့် သေဆုံးသူဟာ ၁.၂ သန်းရှိနေပြီး အဲ့ဒီ့ထဲမှာ HIV ရောဂါအပြင် တီဘီရောဂါကြောင့် သေဆုံးသူဦးရေဟာ ၄၀၀၀၀၀ ရှိခဲ့ပါတယ်။
“တီဘီရောဂါ ထိန်းချုပ်မှုဟာ အသက်ကယ်ဆယ်ဖို့နဲ့ လူနာတွေကို ကုသဖို့ရာ အကျိုးသက်ရောက်မှု ကြီးဖြစ်လာ စေတယ်လို့ ဒီထုတ်ပြန်မှုက ပြသပါတယ်။” လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းရဲ့ အထွေထွေအုပ်ချုပ်ရေးမှူး Margaret Chan ကပြောခဲ့ပါတယ်။
တီဘီ ဆေး မတိုးတာအတွက် ကုသနည်းသစ်တွေကိုလည်း တီထွင်ပြီး ရလဒ်တွေ တိုးတက်လာအောင် လုပ်ဖို့လည်း လိုပါတယ်။
Ref: Reuters
Original link - http://health.thithtoolwin.com/2015/10/aids.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment