ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

ယောကျာ်းနဲ့ မိန်းမ နှလုံးသား ကြီးရင့် လာပုံချင်း မတူ




ယောကျာ်းတွေနဲ့ မိန်းမတွေရဲ့ နှလုံးသား ကြီးထွား ပုံချင်းဟာ သိသိ သာသာ မတူကြောင်း သုတေသီ တွေက ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။

ဒီလို ကွဲပြားချက်ကို လေ့လာ တွေ့ရှိတာဟာ ဒါပထမဆုံး အကြိမ်ပါ။ ယောကျာ်းတွေနဲ့ မိန်းမတွေမှာ တွေ့ရတဲ့ နှလုံးပုံစံ ခြားနားချက်နဲ့ ပတ်သက်ပြီး အလင်းပြ နိုင်ခဲ့တာပါ။

ဒါဟာ လိင်ကွဲပြားမှုကို လိုက်ပြီး ကုသမှုတွေ လုပ်ဆောင်ဖို့ရာ ဦးတည် သွားနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

Johns Hopkins တက္ကသိုလ် သုတေသီ တွေဟာ အရွယ်ရောက်ပြီးသူ ၃၀၀၀ ခန့်ရဲ့ နှလုံးကြီးရင့် ကြီးထွားလာမှုကို MRI Scans တွေနဲ့ လေ့လာ သုံးသပ်ခဲ့ပါတယ်။

လိင်ပေါ် မူတည်ပြီး နှလုံးကြီးရင့်မှု ပိုင်းမှာ ဘာကွာတယ် ဆိုတာကို လိုရင်းပဲ ရှင်းပြနိုင် ခဲ့ပါတယ်။

“ယောကျာ်းနဲ့ မိန်းမတွေမှာ ရောဂါဗေဒ ဆိုင်ရာ ပျက်ယွင်း ဇီဝကမ္မ (Pathophysiology) မတူညီ ကွဲပြားနိုင်တဲ့ နှလုံးရောဂါ အပေါ် အယူအဆကို ကျွန်တော်တို့ ရလဒ်တွေက ပြသနိုင် ခဲ့ပါတယ်။

ဒီလို အရေးကြီးတဲ့ ဇီဝဗေဒ ဆိုင်ရာ ကွဲပြားမှုတွေပေါ် လိုက်ပြီး ကွဲပြားတဲ့ ကုသမှုတွေ ကိုလည်း လုပ်ရမှာပါ။” လို့ Johns Hopkins ဆေးတက္ကသိုလ်မှ ဦးဆောင် သုတေသီ Joao Lima ကပြောခဲ့ပါတယ်။

ဒီရှာဖွေတွေ့ရှိ မှုဟာ MRI Scan တွေကို အသုံးပြုပြီး အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ နှလုံး ကြီးရင့် လာမှုကို ကာလရှည် လေ့လာခဲ့တဲ့ ပထမဆုံး သုတေသန ဖြစ်တယ်လို့ ယုံကြည် ရပြီး အောက်တိုဘာလ ၂၀ရက် နေ့ထုတ် Radiology ဂျာနယ်မှာ ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။

Ref:Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_61.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment