ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 12, 2015

ပိန်စေဖို့ အစာအိမ် ခွဲစိတ်သူများ သေကြောင်းကြံစည်မှု အန္တရာယ် ပိုများနေ




Gastric bypass လို့ခေါ်တဲ့ အစာအိမ် ခွဲစိတ်မှု ပြုခဲ့တဲ့ လူနာတွေဟာ ခွဲစိတ်မှု ပြုပြီး နောက်ပိုင်း ကိုယ့်ကိုယ်ကို အနာတရ ဖြစ်စေတဲ့ အန္တရာယ် ပိုများလာ တယ်လို့ စစ်တမ်း တစ်ရပ် အရ သိရပါတယ်။ Gastric bypass ဆိုတာကတော့ အစာအိမ်နဲ့ အူတွေရဲ့ ၀င်ဆံ့မှု ပမာဏကို ချုံ့ပြီး အစာအိမ်ကို သေးစေတာပါ။ ကိုယ်အလေးချိန် ကျချင်တဲ့ သူတွေက ဒီလို ခွဲစိတ်မှု မျိုးကို ပြုလုပ် ကြပါတယ်။

ပေါမောက္ခ Junaid Bhatti ဦးဆောင်တဲ့ သုတေသီတွေဟာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာရှိတဲ့ Sunnybrook သုတေသန တက္ကသိုလ် ကနေ အမျိုးသမီး ဦးရေပေါင်း ၈၈၁၄ ပါဝင်တဲ့ အုပ်စု တစ်စုကို လေ့လာမှုတွေ ပြုခဲ့ပါတယ်။

အစာအိမ် ခွဲစိတ်မှု ပြုခဲ့တဲ့ ၄င်းအမျိုးသမီး လူနာတွေဟာ ခွဲစိတ်မှု ပြုပြီး ၃ ဒဿမ ၆၃နှစ် ကြာမြင့်တဲ့ အခါမှာ လူနာ တစ်ထောင်လျှင် ကိုယ့်ကိုယ်ကို အနာတရ ဖြစ်စေသူ ပမာဏဟာ ၂ ဒဿမ ၃၃ရာခိုင်နှုန်း မြင့်တက်လာ တာကို တွေ့ရှိခဲ့ ရပါတယ်။

ခွဲစိတ်မှု ပြုပြီးနောက် ကိုယ့်ကိုယ်ကို အနာတရ ဖြစ်စေခဲ့ သူတွေထဲမှာ ကျေးလက်နေ၊ ၀င်ငွေနည်းတဲ့ အသက် ၃၅နှစ်ကျော် အမျိုးသမီးတွေ လူနာတွေက အများဆုံး ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

Gastric bypass ခွဲစိတ်မှု ပြုခဲ့ သူတွေဟာ သာမန် လူထုနဲ့ ယှဉ်ရင် သေကြောင်း ကြံစည်မှုနှုန်း ၄ဆကျော် မြင့်တက် နေတာပါ။ ဒါကြောင့် ဒီလူနာတွေကို အနီးကပ် စောင့်ကြည့် စစ်ဆေးမှုတွေ ပြုစေဖို့ တွန်းအား ဖြစ်စေခဲ့ တာပါလို့ မီချီဂန် တက္ကသိုလ်မှ ပါမောက္ခ Carol Lindsay-Westphal ကပြောပါတယ်။

ပိန်စေဖို့ အတွက် အစာအိမ် ခွဲစိတ်မှုဟာ သာမန် မဟုတ်တော့ တာတော့ သေချာ ပါတယ်။ တတ်နိုင် သလောက် ကုသဖို့ ကိုလည်း ပေါမောက္ခ ဆရာဝန်တွေက ကြိုးစား ဆောင်ရွက် နေပါတယ်။

ခွဲစိတ်မှု ပြုပြီးတဲ့ ကာလမှာ ဘာလို့များ ကိုယ့်ကိုယ်ကို အနာတရ ဖြစ်စေတဲ့ အပြုအမူတွေ များလာလဲ ဆိုတာကို နားလည်ဖို့ အတွက် ပိုအားထုတ်ဖို့ လိုလာပြီ ဆိုတာ ဒီရှာဖွေ တွေ့ရှိမှုတွေက ဖော်ပြ နေပါတယ်။

ဒီအန္တရာယ်တွေကို ဘယ်လို တားဆီးနိုင်မယ် ဆိုတာ ကိုလည်း နားလည်အောင် လုပ်ရမှာပါ လို့ သုတေသီတွေက နိဂုံးချုပ် ပြောသွား ပါတယ်။

Original link - http://health.thithtoolwin.com/2015/10/blog-post_12.html


No comments:

Post a Comment