ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 12, 2015

တစ်လအတွင်း သကြားနှင့် အရက်ရှောင်ပါက ကိုယ်အလေးချိန်နှင့် အဆီ သိသိသာသာ ကျ




သကြားမှာ မကောင်းတဲh သက်ရောက် မှုတွေ ရှိတယ် ဆိုတာနဲ့ သကြားကို ကျွန်တော်တို့ရဲ့ နေ့စဉ် အစာကနေ ဘာကြောင့် လုံးဝရှောင်သင့်တယ် ဆိုတာကို ကျွန်တော်တို့ အားလုံး ကြားဖူး ကြပြီး ဖြစ်ပါတယ်။

သကြားရှောင်တဲ့ အတွက် ဘယ်လို သိသာတဲ့ ပြောင်းလဲ မှုတွေဖြစ်လာ တယ် ဆိုတာကို ဒက်ရှ်လူမျိုး Sacha Harland က သက်သေပြ ခဲ့ပါတယ်။ သူဟာ တစ်လကြာ သကြားနဲ့ အရက် ကိုရှောင်ပြီး နေထိုင် ခဲ့ပါတယ်။

သူ့ရဲ့ စိတ်ခံစားမှု အတိုင်းအတာနဲ့ စိတ်ချမ်းသာမှု ရလဒ်တွေကို ဗီဒီယို ဖိုင်ကနေ တဆင့် မြင်တွေ့နိုင် ပါတယ်။ စိတ်ချမ်းသာ စရာ ရလဒ်တွေက ဘာတွေလဲ ဆိုတော့ ကိုယ်အလေးချိန် ၁၀ ပေါင်ကျသွားပြီး သွေးပေါင်ချိန်၊ သွေးအတွင်း သကြားဓာတ်နဲ့ အဆီဓာတ် တွေ သိသိသာသာ လျော့ကျ သွားတာပဲ ဖြစ်ပါတယ်။

“ကျွန်တော် အံ့အားသင့်ဆုံး အချက်က ခန္ဓာကိုယ် စနစ်ထဲကို သကြားဓာတ် ပြန်ပေးလိုက်တဲ့ အချိန်မှာ ကျွန်တော့် ခန္ဓာကိုယ်က ပြောင်းပြန် တုံ့ပြန်မှုတွေ ပေးတော့တာပဲ။

သကြားပြန်စ စားတဲ့ တစ်ပတ်ခွဲ ကြာအချိန် အတွင်းမှာ arrhythmia (နှလုံးဖောက်) တာ နှစ်ကြိမ် ဖြစ်ခဲ့တယ်။” လို့ တစ်လကြာ သကြားနဲ့ အရက်ရှောင်ပြီး စမ်းသပ်ခံ ခဲ့တဲ့ ဟော်လန်သား Hague ကပြော ခဲ့ပါတယ်။



“ကျွန်တော်က တော်ရုံနဲ့ အိပ်မပျော်တဲ့ ရောဂါ ရှိခဲ့တယ်။ မနက် ၃နာရီ (ဒါမှမဟုတ်) ၄နာရီ လောက်ထိကို အိပ်လို့ မရတာ။ ဒါလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျွန်တော့် ခန္ဓာကိုယ်က သကြားနဲ့ မရင်းနှီးတော့ဘူး။ မူးယစ်ဆေး လိုကို ဖြစ်လာတာ။” လို့ သူက ထပ် ပြောပါတယ်။

သူဟာ အစမှာ အခက်အခဲ ရှိနိုင်ပေမဲ့ တစ်လတာ ဖြတ်ကျော်ပြီးရင် ရမယ့် ရလဒ် အတွက် မျှော်မှန်းပြီး စားသောက် နေထိုင်ခဲ့ ကြပါတယ်။ ဘီယာရှောင်ရတယ်၊ အရက်ရှောင် ရတယ်၊ ဟမ်ဘာကာ မစားရဘူး၊ အကြိုက်ဆုံး နံနက်စာဖြစ်တဲ့ မြေပဲယို ကိုတောင် ရှောင်ခဲ့ရ ပါတယ်။

တစ်ပတ်နှစ်ပတ်၊ ကြာတဲ့ အခါမှာ ကျင့်သား ရလာပြီး အေးဆေး ဖြစ်သွား ကြပါတယ်။ တစ်လကုန် ခါနီးမှာတော့ ပိုမို လွယ်ကူလာပြီး အင်အားလည်း ပိုရှိလာ ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အခြေခံ တည်ဆောက် ပုံမှာတင် တော်တော် ထူးထူးခြားခြား ဖြစ်သွားပါတယ်။ သွေးပေါင်ချိန်ဟာ 135/75 ကနေ 125/75 ကိုပြောင်း သွားခဲ့ ပါတယ်။ သွေးတွင်း အဆီဓာတ်ဟာလည်း 4.6 ကနေ 4 အထိ ကျသွား ပါတယ်။

သူနဲ့ပတ်သက်တဲ့ ဥပမာ အချက်လေးတွေ ကြားပြီးပြီ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ကြိုးစားမယ် ဆိုရင်လည်း မပိုဘူး ဆိုရင်တောင် အလားတူ ရလဒ်မျိုးကို ပိုင်ဆိုင်နိုင် မှာပါ။

Original link - http://health.thithtoolwin.com/2015/10/blog-post_87.html


No comments:

Post a Comment