ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 1, 2015

အစာအိမ်ကင်ဆာ ဝေဒနာရှင်များ အတွက် နှစ်ဆပိုမို အသက်ရှင်ခွင့်ပေးသည့် အကိုက်အခဲ ပျောက်ဆေး


သုတေသန ရပ်ပေါင်း မြောက်များစွာမှာ အကိုက်အခဲ ပျောက်ဆေးကို မှော်ဆေးပြားလို့ သမုတ် ကြပါတယ်။ ကင်ဆာရောဂါ အချို့အတွက် ထိရောက်တဲ့ ဖြည့်စွက်ဆေးဝါး ဖြစ်ကြောင်း ကိုလည်း ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။ အခုလည်း အကိုက်အခဲ ပျောက်ဆေး ပုံမှန်သောက်သုံးခြင်းဟာ အစာအိမ် ကင်ဆာ ဝေဒနာရှင် တွေကို နှစ်ဆပိုမို အသက်ရှင်ခွင့် ပေးနိုင်တယ် ဆိုပြီး လေ့လာမှုသစ် တစ်ရပ် ထွက်ပေါ်လို့ လာပြန် ပါတယ်။ လေ့လာမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကို ဗီယင်နာ၊ သြစတြီးယားမှာ ကျင်းပခဲ့တဲ့ ၂၀၁၅ခုနှစ် ဥရောပကင်ဆာကွန်ဂရက်မှာ ရှင်းလင်းခဲ့တာပါ။ ရှင်းလင်းပြောကြားခဲ့သူကတော့ သုတေသနကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Martin Frouws (နယ်သာလန် ဆေးတက္ကသိုလ်) ပဲဖြစ်ပါတယ်။ သာမန် အကိုက်အခဲ ပျောက်ဆေးဟာ အထူးထုတ်လုပ် ထားတဲ့ ကင်ဆာဆေးဝါးပေါင်း မြောက်များ စွာထက် သာတဲ့ အစွမ်းရှိနေကြောင်း လေ့လာမှု အချက်အလက် တွေကို လူတော်တော် များများက အံ့အားသင့်ခဲ့ ရပါတယ်။ အကိုက်အခဲ ပျောက်ဆေး ပုံမှန်သောက်သုံး ပေးခြင်းဟာ ကင်ဆာရောဂါ အချို့ ဖြစ်ပွားခြင်း အန္တရာယ်မှ လျှော့ချ ပေးနိုင်ကြောင်း ကို ယခင် လေ့လာ မှုတွေက ပြသ ခဲ့ပြီး ဖြစ်ပါတယ်။ အရေပြားကင်ဆာ၊ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာ ဝေဒနာရှင်များ အတွက် ခုခံအား စနစ်ကို တိုးမြှင့်ပေးတဲ့ နေရာမှာ အကိုက်အခဲ ပျောက်ဆေးဟာ အလွန် ထိရောက်မှု ရှိပါတယ်။ အကိုက်အခဲ ပျောက်ဆေးဟာ အူကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးနိုင်တဲ့ အကြောင်း အရင်လက ထုတ်ဝေခဲ့တဲ့ သုတေသနရပ်မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ “မူပိုင်ခွင့် မရှိတဲ့ အကိုက်အခဲ ပျောက်ဆေး သောက်သုံး ရတာ ဈေးသက်သာ ပါတယ်။ လူနာတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိပါတယ်။” လို့ ဒေါက်တာ Frouw ကပြောခဲ့ ပါတယ်။ ( Skyler ) သစ်ထူးလွင်(ကျန်းမာရေး) Ref:NYC Today Original link - http://health.thithtoolwin.com/2015/10/blog-post_1.html

No comments:

Post a Comment