ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 11, 2015

တစ်နေ့ အကြိမ်ရေ ၁၂၀၀၀ တိတိ နှာချေမှု ကြောင့် နာကျင်နေရတဲ့ ရှားပါး ရောဂါသည် အမျိုးသမီး




aကျာင်းသူလေး တစ်ဦးဟာ ရှားပါး aရာဂါ အခြေ အနေ တစ်မျိုးကို ခံစားနေ ရပြီး ထို အခြေ အနေဟာ သူမ ကို အကြိမ်ရေ ၁၂၀၀၀ ခန့် နှာချေ aစခဲ့တဲ့ အတွက် သူမဟာ အရမ်းကို နာကျင်နေ ရတယ်လို့ ဆိုပါတယ်။

အသက် ၁၂ နှစ်သာ ရှိသေးတဲ့ Katelyn Thornley ပြီးခဲ့တဲ့ လတုန်းက တစ်နေ့ကို အကြိမ် ၂၀ ၀န်းကျင်လောက် နှာချေနေတဲ့ အတွက် ဆေးခန်း သွားပြ ခဲ့ရာမှာ ဆရာဝန် ၆ ယောက် သာ ပြောင်းသွားတယ် သူမရဲ့ ရောဂါကို ဘာဖြစ်တယ် ဆိုတာ ဘယ် ဆရာဝန်ကမှ အတိ အကျ မပြောနိုင် ခဲ့ပါဘူး။

ဒါပေမယ့် ဆရာဝန်တွေ အားလုံး ကတော့ ဒါဟာ သာမန်နှာချေ တာမျိုး လို့ လက်မခံ ကျပါဘူး။ ဒါဟာ ယားယံမှု တစ်မျိုး (သို့) ဗိုင်းရပ် တစ်မျိုးသာ ဖြစ်တယ်လို့ ဆိုကြပြီး Katelyn ကိုလည်း ကျောင်း မသွားဖို့ ညွှန်ကြား ထားကြ တယ်လို့ CBS သတင်းဌာန ရဲ့ ဖော်ပြချက် အရ သိရပါတယ်။

အမေရိကန် ပြည်ထောင်စု ၊ တက္ကဆက်ပြည်နယ် ၊ Angleton မြို့မှာနေထိုင်တဲ့ Katelyn ရဲ့ အဆက်မပြတ် နှာချေမှုတွေဟာ သူ အိပ်ပျော်သွားမှ ရပ်သွားတာဖြစ်ပြီး သူမအနေနဲ့လည်း နှာချေတဲ့ကြားက အိပ်ပျော်သွားအောင် Benadryl ဆိုတဲ့ Allergy ဆေးတွေနဲ့ Beatles အဖွဲ့ရဲ့ သီချင်းတွေကို နားထောင်ရတယ်လို့ ဆိုပါတယ်။

သူမရဲ့ အဆက်မပြတ် နှာချေမှုတွေဟာ အခုချိန်မှာတော့ တစ်စ ထက် တစ်စ အခြေအနေ ပိုဆိုးရွားလာပါတယ်။ CBS သတင်းဌာန ကို Katelyn က ပြောကြားခဲ့တာကတော့ "ကျွန်မ အစပိုင်းမှာ နှာချေရုံလေးပါပဲ။ နောက်ပိုင်းမှာတော့ အခြေအနေဆိုးလာတယ်။ဒါဟာ ကျွန်မ တစ်ခုခုကြောင့် ယားယံလာတယ်လို့ ထင်ပါတယ်" ဆိုတာပဲ ဖြစ်ပါတယ်။

သူမဟာ အဲဒီလို ဆိုးရွားစွာ အဆက်မပြတ် နှာချေနေမှုကြောင့် သူမရဲ့ ၀မ်းဗိုက်တွေ နဲ့ ခြေထောက်တွေဟာ နာကျင်နေရပြီး သူမဟာ အားနည်နေသလို အစာစားလို့လည်း မရဘူးလို့ ဆိုပါတယ်။ သူမဟာ အိပ်ပျော်ဖို့ အပြင်းအထန် ကြိုးစားနေရပြီး အိပ်ပျော်သွားရင်တောင် အိပ်မက်ထဲမှာ နှာချေနေမိတယ်လို့ ဆိုပါတယ်။

သူမနဲ့ သူမရဲ့ မိဘတွေကတော့ သူမရဲ့ ကျန်းမာရေး အခြေအနေကို လူထုသိအောင် ပြောပြလိုက်တာဖြစ်ပြီး ဒီအခြေအနေကို နားလည်နိုင်တဲ့သူ ရှိရင်လည်း အကူအညီပေးဖို့ တောင်းဆိုထားပါသေးတယ်။



Original link - http://health.thithtoolwin.com/2015/10/blog-post_11.html


No comments:

Post a Comment