ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 2, 2016

ခန္ဓာကိုယ် တစ်ခုလုံး အမြဲလန်းဆန်း နေစေရန်




တရုတ် ဆေးပညာ အရ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က စွမ်းအင် စနစ် တစ်ခု ဖြစ်ပါတယ်တဲ့။ တရုတ် ဆေးပညာ အရ ဦးခေါင်းခွံ အရင်း လည်ပင်းရဲ့ အနောက်ဘက် ထိပ်မှာရှိတဲ့ အရွတ် နေရာကို ရေခဲ ကပ်ပေးရင် ခန္ဓာကိုယ် တစ်ခုလုံး အတွက် ကျန်းမာရေး ကောင်းမွန် စေနိုင် ပါတယ်။

ဒီနေရာမှာ ခန္ဓာကိုယ်ရဲ့ လေများ ခိုအောင်း နေလေ့ ရှိပါတယ်။

မှောက်လျက် ဒါမှမဟုတ် ထိုင်လျက်နေပြီး အဲ့ဒီနေရာကို မိနစ် ၂၀ လောက် ရေခဲကပ်ပေးရပါမယ်။ အစမှာ အအေးဒဏ်ကြောင့် စိတ်မသက်မသာ ဖြစ်နိုင်ပေမဲ့ စက္ကန့် ၃၀ က ၄၀ ကြာပြီးတဲ့ အခါမှာ အဲ့ဒီနေရာကနေ အပူတွေထွက်လာတာကို ခံစားရပါလိမ့်မယ်။

ဒီနည်းကို မနက် အိပ်ယာ ထချိန်နဲ့ ညအိပ်ယာ ဝင်ချိန်မှာ ပုံမှန် လုပ်ပေး သင့်ပါတယ်။ သွေးထဲမှာ endorphin ဓာတ်ကို ထုတ်ပေးနိုင်တဲ့ အတွက် ပြုလုပ်ပြီး ရက်အနည်းငယ် အတွင်းမှာပဲ စိတ်ကျေနပ်မှုကို ရရှိစေနိုင် ပါတယ်။

ဒီနည်းလမ်းက ရောဂါတစ်ခုကို တိုက်ရိုက် ကုသတဲ့ နည်း မဟုတ်ပေမဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကို ထိန်းညှိပေးပြီး နုပျိုလန်းဆန်း စေသလို အားအင် အသစ်တွေ ပြန်လည်ဖြစ်စေ နိုင်ပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေပြီး စိတ်ခံစားချက် ကိုလည်း ကောင်းစေ ပါတယ်။

အခြား ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုး များစွာလည်း ရနိုင်ပါတယ်။

အစာကျေစေပြီး ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း၊ အဆစ်အမြစ် ရောင်ရမ်းခြင်း တို့ကိုလည်း သက်သာ စေပါတယ်။

ပန်းနာရင်ကြပ်၊ အစာအိမ် အူလမ်းကြောင်း ရောဂါ နဲ့ စိတ်ကျ ရောဂါ ၊နှလုံးသွေးကြောကျဉ်း ရောဂါ တို့ကိုလည်း သက်သာစေဖို့ ထောက်ပံ့ ကူညီပေး နိုင်ပါတယ်။

Ref:idealist4ever

ခင်သူဇာ

Originally published at - http://www.trend.com.mm/2016/02/29/health-8965


No comments:

Post a Comment