
မျက်လုံး မျက်ခုံး ခြယ်သတဲ့ အမျိုးသမီးတွေ အနေနဲ့ Eye liner ကို မျက်လုံး အတွင်းထဲ အထိ ရောက်အောင် ခြယ်သ မိရင်တော့ မျက်လုံးထဲ ပိုးဝင်ခြင်း၊ မျက်စိနာခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း လိုမျိုး အမြင် အာရုံဆိုင်ရာ ဝေဒနာ အမြောက် အများကို ခံစား ရနိုင်တယ်လို့ ကနေဒါနိုင်ငံ သုတေသီတွေက သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။
ကနေဒါနိုင်ငံ၊ ၀ါတာလူး တက္ကသိုလ်က မျက်ကပ်မှန် အန္တရာယ်ဆိုင်ရာ သုတေသီများ အဖွဲ့က လေ့လာတွေ့ ရှိခဲ့ တာကတော့ Eye liner ဆွဲပြီးတဲ့ နောက်မှာ ဖြစ်ပေါ်လာတဲ့ အမှုန်တွေဟာ နောက်ထပ် ၂ နာရီ အတွင်းမှာ မျက်ကြည်လွှာကို ယားယံ နာကျင်စေ ပြီးတော့ မျက်လုံးကို ပွတ်မိရင်တော့ မျက်ကြည်လွှာ စုတ်ပြဲ သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြင်ပအမှုန်တွေကို ကာကွယ်ပေးတဲ့ မျက်ကြည်ရည်ကိုလည်း ခမ်းခြောက်သွားစေနိုင်ပြီး အလွန်အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့ မျက် ကပ် မှန်တပ်သူမမများဟာ Eye liner ကို မျက်ခွံအတွင်းထဲထိ ချယ်မိရင်တော့ မျက်စိစုံလုံးကန်းနိုင်တယ်လို့ သုတေသီတစ်ယောက်က ရှင်းပြထားပါတယ်။
သုတေသီတွေဟာ ခဲတံ Eye liner တွေကို မျက်ခွံအတွင်းသားအထိ လိမ်းကျံခြယ်သလေ့ရှိတဲ့ ပျိုမေတွေကို စောင့်ကြည့်လေ့လာခဲ့ရာမှာတော့ Eye liner က အမှုန်တွေဟာ ၂ နာရီအတွင်း မျက်ကြည်လွှာတစ်ခုလုံးကို ယားယံ စေတာကို တွေ့ ရှိခဲ့ရပြီး အကျိုးဆက်အနေနဲ့ အမျိုးသမီးငယ်များမှာ မျက်ကြည်လွှာခမ်းခြောက်ခြင်း၊ စုတ်ပြဲခြင်း စတဲ့ မျက်လုံးဝေဒနာတွေကို ခံစားရနိုင်တာတွေကို တွေ့ရှိခဲ့ကြပါတယ်။
" Eye liner ကို မျက်ခွံအတွင်းထဲအထိလိမ်းပြီး ၅ မိနစ်အတွင်းမှာတင် ပြင်ပအမှုန် ၃၀ ရာခိုင်နှုန်းလောက်က မျက် ကြည်လွှာကို စတင်ထိခိုက်ပါတယ်။
အဲဒီကနေ မျက်လုံးတစ်ခုလုံးကိုပျံ့နှံ့ သွားတယ်။ ဒီ Eye liner တွေ ထဲမှာ ဖယောင်း၊ ဆီ၊ ဆီလီကွန်၊ ကော် စတဲ့ ဓါတုပစ္စည်းမျိုးစုံ ပါပါတယ်။ တကယ်တော့ အိုင်းလိုင်နာ ဆို တာ အပြင်ပိုင်းအတွက်ပဲ ဖြစ်ပါတယ်။
အဲဒါကို လှချင်ဇောနဲ့အတွင်းထဲထိ လိမ်းလိုက်မယ်ဆိုရင်တော့ အချိန်တို အတွင်း အစားထိုးမရနိုင်တဲ့ မျက်လုံးဆုံးရှုံးမှုတွေကို ခံစားရနိုင်ပါတယ် " လို့ သုတေသီတစ်ယောက်က ပြောပါတယ်။
Ref : Dailymail
Original link - http://health.thithtoolwin.com/2015/12/eye-liner.html

No comments:
Post a Comment