ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 6, 2016

ယောက်ျားတစ်ယောက်ရဲ့ လိင်အင်္ဂါဟာ သူ့ဘ၀ သက်တမ်းကို ပြောပြနိုင်




အိပ်ရာထဲမှာ စွမ်းဆောင်ရည် ကျဆင်းတာဟာ အမျိုးသားတွေ အတွက် ရှက်ရွံ့ဖွယ်ကောင်းတဲ့ အခြေအနေ တစ်ခုပါပဲ၊ ဒါပေမယ့် အခုတော့ သိပ္ပံပညာရှင် တွေက ပန်းသေ ပန်းညိုး ဖြစ်တာဟာ သူ့ရဲ့ ဘ၀သက်တမ်း ကိုပါ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတယ်လို့ သတိပေး လိုက်ပါတယ်၊

ပန်းသေ ပန်းညိုးရောဂါဟာ လူဘ၀ သက်တမ်းရဲ့ ရာခိုင်နှုန်း ၇၀ လောက်ထိ စောစီးစွာ သေဆုံးနိုင် တယ်လို့ ရှာဖွေ တွေ့ရှိခဲ့ ကြတာပါ၊

ဒီလို ကစဥ့်ကလျား ဖြစ်ဖွယ် ကောင်းတဲ့ အခြေ အနေကို အမေရိကန်က အမျိုးသား ၁၈ သန်းလောက်ဟာ နှလုံးနဲ့ သွေးကြော စနစ်တွေ အတွက်ပါ ကြီးမားတဲ့ အကျိုး သက်ရောက် မှု တွေဖြစ်ပေါ် စေတယ်လို့ မစစ္စပီ တက္ကသိုလ်က ပညာရှင်တွေက ပြောကြား ခဲ့ပါတယ်၊

ပန်းသေပန်းညိုးရောဂါဟာ အသက်ကြီးတဲ့အမျိုးသာေးတွမှာ အခြေခံအားဖြင့် မကြာခဏဖြစ်ပွားလေ့ရှိပါတယ်၊ အသက်လေးဆယ်အောက် အမျိုးသား ရာခိုင်နှုန်းနှစ်ဆယ်လောက်ကလည်း ဒီလိုအခြေအနေကို ကြုံတွေ့နေရတာဖြစ်ပါတယ်၊



အခုလို ပန်းသေ ပန်းညိုး ရောဂါဟာ သွေးထဲမှာအဆီများတဲ့ လူတွေ၊ အ၀လွန်တဲ့ လူတွေ၊ သွေးတိုးရောဂါ ရှိတဲ့ လူတွေ၊ ဆီးချိုရောဂါ ရှိတဲ့လူတွေနဲ့ ဆေးလိပ်သောက်တဲ့ လူတွေမှာ အဖြစ် များတယ်လို့ သိရ ပါတယ်၊

သိပ္ပံပညာရှင် တွေက ဒီရလဒ်တွေဟာ တစ်ဦးချင်းစီရဲ့ အခြေခံ အချက် အလက် လေ့လာမှုတွေ အပေါ်မူတည်ပြီး စစ်တမ်း ထုတ်ထားတာလို့ ဆိုပါတယ်၊

Ref : Daily Mail

Originally published at - http://health.thithtoolwin.com/2016/01/blog-post_3.html


No comments:

Post a Comment