
တစ်နေ့ကို သံဗူး အချိုရည် ၂ ဗူး ခန့် သောက်ခြင်းဟာ နှလုံးရောဂါ နဲ့ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်နိုင်ခြေ တို့ကို များလာ aစနိုင်တယ်လို့ လေ့လာမှု အသစ် တစ်ခုက ဖော်ပြ လိုက်ပါတယ်။
အတု အယောက် အားဖြင့် အချိုဓါတ် ရအောင် ဖန်တီး ထားတဲ့ ထို အချိုရည်တွေဟာ ခဏတာ အတွက်သာ အချိုရည် အဖြစ် သတ်မှတ်နိုင်တာ ဖြစ်ပြီး ရေရှည် မှာတော့ ကျန်းမာရေး သက်ရောက် မှုတွေ ဖြစ်လာနိုင် တယ်လို့ ဟားဗတ်ဒ် တက္ကသိုလ်က လေ့လာမှုက သတိပေး လိုက်ပါတယ်။
ထိုလေ့လာမှုက အခိုင်အမာ ဆိုလိုက်တာ ကတော့ တစ်နေ့ အချိုရည် ၂ ဗူး ခန့်သောက်သုံးခြင်းဟာ ဆီးချို ၊ သွေးချို ရောဂါ ကို ၂၆ ရာခိုင်နှုန်း ဖြစ်နိုင်ခြေ များစေပြီး ၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ ကိုလည်း ၃၅ ရာခိုင်နှုန်း အထိ များလာစေတယ် ဆိုတာပါပဲ။
အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ လူဦးရေ ရဲ့ ထက်ဝက်ခန့်ဟာ ထို အချိုရည်တွေကို နေ့စဉ် သောက်သုံးနေကြပြီး ၄ ယောက်မှာ ၁ ယောက်ခန့်ဟာ ထို အချိုရည်တွေက နေ ကယ်လိုရီ ၂၀၀ ခန့် ရယူနေကြပြီး ၅ ရာခိုင်နှုန်းခန့်ကတော့ တစ်နေ့ကို ကယ်လိုရီ ၅၀၀ ထက်ပိုပြီး ရယူနေကြတယ်လို့ သိရပါတယ်။ ကယ်လိုရီ ၅၀၀ ဆိုတာဟာ သံဗူးအချိုရည် ၄ ဗူးစာ နဲ့ညီမျှပါတယ်။
ထိုလေ့လာမှုဟာ သကြားဓါတ်တစ်မျိုးဖြစ်တဲ့ Fructose ကို အဓိကထားပြီးလေ့လာခဲ့တဲ့အခါမှာ Fructose တွေဟာအချိုရည်တွေနဲ့ အစားအစာတွေမှာ လိုအပ်တဲ့ သကြားဓါတ် Sucrose နေရာမှာ အစားထိုးပြီး နေရာယူနေတာကိုတွေ့ခဲ့ရပြန်ပါတယ်။ Fructose တွေဟာ Sucrose ထက် ဈေးသက်သာတဲ့အတွက်ကြောင့် အခုလို ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။
ထို Fructose တွေဟာ လူ့ခန္ဓာကိုယ် ရဲ့ အသည်းအတွင်း ၀င်ရောက်ပြီးတဲ့နောက် Triglycerides ဆိုတဲ့ Fatty ကွန်ပေါင်းတွေအဖြစ်ပြောင်းလဲသွားပါတယ်။ အဲဒီက တစ်ဆင့် Fatty အသည်းရောဂါကို ဖြစ်စေပါတယ်။ အဲဒီအခြေအနေဟာ ဆီးချိုသွေးချို နဲ့ နှလုံးသွေးကြောကျဉ်း ရောဂါတို့ကို အဓိက ဖြစ်စေနိုင်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Fructose ရယူမှု များသွားတဲ့အခါမှာ ဒူလာ ရောဂါကိုလည်း ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး သုတေသီတွေက ဆိုထားပါသေးတယ်။ ဒီလေ့လာမှုကိုတော့ Journal of American College of Cardiology ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
( Mario )
သစ်ထူးလွင်(ကျန်းမာရေး)
Ref : Mirror
Original link - http://health.thithtoolwin.com/2015/09/blog-post_86.html
No comments:
Post a Comment