
ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲ တာဟာ ရင်သွေးငယ် အတွက် ကျန်းမာရေး ပြသနာတွေ ပိုမို အဖြစ်များ စေနိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ်အရ သိရှိ ရပါတယ်။
ဆေးခြောက် သုံးစွဲတာဟာ ကလေးငယ် လေးတွေ ပေါင်မပြည့်ဘဲ မွေးဖွားလာခြင်း ဆက်စပ်မှု ရှိပြီး အထူး ပြုစု စောင့်ရှောက်မှုတွေ ပိုမို လုပ်ဆောင်ပေး ရလေ့ရှိကြောင်း လေ့လာချက် ၂၄ ခုအရ အတည်ပြု ပေးထား ပါတယ်။
“ သန္ဓေသားကျန်းမာရေးကို ထိခိုက်မှုတွေရှိနိုင်ကိုတော့ အရင်သုသေတန တွေ့ရှိချက်တွေမှာလည်း ဖော်ပြထားခဲ့ပေမယ့် တခြားဆိုးကျိုးတွေကိုတော့ မသိရှိခဲ့ရပါဘူး “ လို့ Tucson ရှိ University of Arizona က လက်ထောက်သုတေသီ Jayleen Gunn က ပြောကြားသွားပါတယ်။
မိခင်က ဆေးခြောက်သုံးစွဲမယ်ဆိုရင် ကလေးငယ်ကို အထူးကုသဆောင်မှာ ဂရုစိုက်ပြုစုရဖို့နှုန်းက သာမန်မိခင်က မွေးဖွားလာတဲ့ ကလေးငယ်လေးတွေထက် ၂ ဆ ပိုမိုမြင့်မားကြောင်း Gunn က ရှင်းပြထားပါသေးတယ်။
Ref : UPI
Originally published at - http://health.thithtoolwin.com/2016/04/blog-post_49.html





No comments:
Post a Comment