ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ

ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 7, 2016

ပုံမှန် သုက် ထုတ် ပေးခြင်းက သုက်ရည်ဂလင်း ကင်ဆာ ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေး




တစ်နေ့ တစ်ကြိမ် နှုန်းနဲ့ ပုံမှန် အထွတ် အထိပ် ရောက်တဲ့ အမျိုးသားတွေဟာ သုက်ရည် ဂလင်း ကင်ဆာ ဖြစ်ပွားနိုင်မှုနှုန်း လျော့နည်းကြောင်း လေ့လာမှု တစ်ရပ်က ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။

မိမိရဲ့ သက်တမ်း တစ်လျှောက် ပုံမှန် သုက်ထုတ် ပေးခြင်းက သုက်ရည်ဂလင်း ကင်ဆာ ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးကြောင်း သိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပံပညာရှင် တွေက ရှာဖွေ တွေ့ရှိ ခဲ့တာပါ။

အထွတ်အထိပ်ရောက်ခြင်းက ဘာလို့ သုက်ရည်ဂလင်းကင်ဆာာ အန္တရာယ်ကို လျှော့ချပေးတယ်ဆိုတာကို သူတို့ မရှင်းပြပေးနိုင်သေးကြောင်း၊ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်နေသေးကြောင်း ကိုတော့ ဟားဗတ် ဆေးကျောင်းမှ သုတေသီတွေက ပြောခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ပုံမှန် အထွတ်အထိပ်ရောက်ခြင်းက သုက်ရည်ဂလင်းထဲမှာရှိတဲ့ ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းတွေကို ဖယ်ရှားသန့်စင်ပေးနိုင်တယ်ဆိုတဲ့ အချက်ကို ယခင်က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဆဲလ်သစ်တွေ ဖန်တီးဖြစ်ပေါ်လာဖို့အတွက် သုက်ရည်ကို ပုံမှန်သန့်ရှင်းရေးလုပ်မယ်ဆိုရင် ကင်ဆာဖြစ်စေတဲ့ ဆဲလ်ဟောင်းတွေကို ဖွဲ့စည်းကြီးထွားခြင်းကို ရပ်တန့်ပေးရာမှာ အကူအညီဖြစ်စေပါတယ်။

ဟားဗတ်တက္ကသိုလ်မှ သိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပံပညာရှင်တွေဟာ အသက် ၄၀မှ ၄၉နှစ်အတွင်း အမျိုးသားတွေကို လေ့လာမှုပြုခဲ့တာဖြစ်ပြီး တစ်လက အနည်းဆုံး ၂၁ကြိမ် သုတ်ထုတ်တဲ့ အမျိုးသားတွေဟာ သုက်ရည်ဂလင်းကင်ဆာဖြစ်မှုနှုန်း ၂၂ ရာခိုင်နှုန်း လျော့နည်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

Ref: Daily Mail

Originally published at - http://health.thithtoolwin.com/2016/01/blog-post_7.html


No comments:

Post a Comment