ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 1, 2015

ကောင်လေးတွေထက် ကောင်မလေးတွေက ရင့်ကျက်တာ မြန်




မိန်းကလေးတွေဟာ ယောကျာ်းလေး တွေထက် ဦးနှောက် ရင့်ကျက်တာ မြန်ကြောင်း နယူးကာဆယ် တက္ကသိုလ် သုတွေသီတွေက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

အသက် (၄)နှစ် ကနေ (၄၀)နှစ်ကြား အရွယ်စုံ လူ (၁၂၁)ယောက်ရဲ့ ဦးနှောက်တွေကို ဓာတ်မှန်ရိုက် စစ်ဆေး ခဲ့ပါတယ်။ မိန်းကလေးတွေဟာ အသက် (၁၀)နှစ်လောက်မှာ စပြီး ဉာဏ်သွက် လာပေမဲ့ ယောကျာ်းလေးတွေ ကတော့ အသက်(၂၀) မရောက်မချင်း ဉာဏ်မသွက်လက် ပါဘူးလို့ တွေ့ရှိခဲ့ကြတယ်။

ဆယ်ကျော်သက် မိန်းကလေးတွေဟာ ချင့်ချိန်နိုင်စွမ်း နိမ့်တယ်လို့ ယူဆတဲ့အတွက် ဆယ်ကျော်သက် ယောကျာ်းလေးတွေရဲ့ လှည့်ဖျားမှုတွေကို ဂရုမစိုက်ပါနဲ့လို့ အမေတွေက ဆုံးမလာခဲ့တာ ကြာလှပါပြီ။ ခုတော့ အမေဖြစ်သူတွေရဲ့ သီအိုရီကို ပြန်ပြင်ရမယ့် သုတေသနရပ် ပေါ်ထွက်လာပါပြီ။

ကျွန်တော်တို့ဟာ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေဟာလည်း ကျုံ့လာပါတယ်။ အကြောင်းကတော့ ဦးနှောက်ဆဲလ်တွေကြားက မလိုအပ်တဲ့ ဆက်စပ်လမ်းကြောင်းတွေဟာ ဖြတ်တောက်ခြင်း ခံလိုက်ရလို့ပါပဲ။

ဒီလိုနဲ့ ပိုဉာဏ်သွက်ပြီး ပိုထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့ စက်ယန္တရား တစ်ခုဖြစ်လာတော့တယ်။

‘ခုပြောတဲ့အပိုင်းက သာမန် သင်ယူလေ့လာမှု အစီအစဉ်ပါ။ ဦးနှောင်တစ်ခုလုံးဟာ ချဲ့ထွင်လာတာနဲ့အမျှ ဆက်စပ်မှုလမ်းကြောင်းတွေလဲ ပျက်သွားတယ်။ ပါတီတစ်ခုကို ခင်ဗျားရောက်နေတဲ့အချိန် အာရုံစူးစိုက်မှု မလုပ်နိုင်သလိုပေါ့။

အဲ့ဒီ့အသံတွေထဲက တချို့တိတ်သွားပြီဆိုရင်တော့ လွယ်လွယ်နဲ့ကြားနိုင်တယ်လေ။ ဦးနှောက်ထဲမှာလဲ အဲ့ဒီ့အတိုင်းပဲ၊ ဆက်သွယ်မှုလမ်းကြောင်းတွေများစွာထဲက တချို့ပြတ်တောက်သွားရင် အလုပ်လုပ်ရပိုလွယ်သွားတာပေါ့။’ လို့ သုတေသီ ဒေါက်တာ Marcus Kaiser က ဦးနှောက် ဉာဏ်စီးမျှောမှု ဖြစ်စဉ်ကို ဒီလိုရှင်းပြသွားပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_46.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment