ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 18, 2017

Omega - 3 က အမျိုးအစား - ၁ ဆီးချိုရောဂါ ကုသရာမှာ အထောက်ကူ ပြုနိုင်ဟု ဆို




ဧပြီ ၁၅ – အမျိုး အစား-၁ ဆီးချို ရောဂါဟာ ရောဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းခံကို သေချာ မသိရတဲ့ အမြစ်ပြတ် ပျောက်ကင်းအောင် ကုသဖို့ ခက်တဲ့ ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ လေ့လာမှု အသစ် တစ်ရပ်မှာ အိုမီဂါ သရီး ဖက်တီး အက်ဆစ်က အမျိုး အစား - ၁ ဆီးချို ရောဂါရဲ့အလိုလျောက် ကိုယ်ခံအား တုံ့ပြန်မှုကို လျှော့ချပေးနိုင် တာကို တွေ့ရှိ ခဲ့ရ ပါတယ်။

အမျိုးအစား-၁ ဆီးချိုရောဂါဟာ အလိုလျောက်ကိုယ်ခံအားစနစ်ပုံမှန်မဟုတ်တဲ့ဝေဒနာတစ်မျိုးဖြစ်ပြီး အမေရိကန် က အရွယ်ရောက်ပြီးသူနဲ့ ကလေးငယ် ၁.၂၅ သန်းနီးပါးကအမျိုးအစား-၁ ဆီးချိုဝေဒနာကိုခံစား နေကြရပါတယ်။

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ beta ဆဲလ်တွေကို မသိရှိတဲ့အမျိုးအစား-၁ ဆီးချိုရောဂါ ကကိုယ်ခံအားစနစ်ထဲက beta ဆဲလ်တွေကိုတိုက်ခိုက်ဖျက်ဆီးပစ်ပါတယ်။ Beta ဆဲလ်တွေက အင်ဆူလင် ထုတ်လုပ်ပေးဖို့အတွက်တာဝန်ယူထားရတာဖြစ်ပါတယ်။

ခန္ဓာကိုယ်အနေနဲ့ ဆဲလ်တွေထဲကို ဂလူးကို့စ်ပေးပို့ဖို့အတွက် အင်ဆူလင်ကိုလိုအပ်ပါတယ်။ ဆဲလ်တွေက စွမ်းအင်ထုတ်လုပ်ဖို့အတွက် ဂလူးကို့စ်ကို လိုအပ်ပါတယ်။ အင်ဆူလင်ထုတ်လုပ်ပေးတဲ့ beta ဆဲလ်တွေမရှိပါက သွေးကြောထဲမှာ ဂလူးကို့စ်တွေဖွဲ့စည်းဖြစ်ပေါ်ပေမယ့် ခန္ဓာကိုယ်အတွက် စွမ်းအင် အနေနဲ့အသုံးမပြုနိုင်ပါဘူး။

အခုထိအမျိုးအစား-၁ ဆီးချိုရောဂါဖြစ်ပေါ်ရတဲ့အကြောင်းအရင်းကိုမသိရသေးသလို ကုသနိုင်ခြင်းလည်းမရှိသေး ပါဘူး။ အသုံးများတဲ့ ကုသမှု နည်းလမ်း ကတော့ အင်ဆူလင်ကိုထိန်းညှိတာပဲဖြစ်ပါတယ်။ ဆေးဝါးသုတေသနအဖွဲ့ ရဲ့ရည်မှန်းချက်တစ်ရပ်က ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က beta ဆဲလ်တွေကို တိုက်ဖျက်တာကိုရပ်တန့်ဖို့နဲ့ လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရတဲ့ဖြစ်စဉ်ကိုပြောင်းလဲနိုင်ဖို့ဖြစ်ပါတယ်။

Clinical Investigation ဂျာနယ်မှာထုတ်ဝေခဲ့တဲ့လေ့လာမှုအသစ်တစ်ရပ်မှာ အမျိုးအစား-၁ ဆီးချိုရောဂါ ခံစားနေရတဲ့ကြွက်တွေကို အိုမီဂါသရီးဖက်တီး အက်ဆစ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို ကျွေးမွေးမှု ကနေရရှိလာတဲ့အကျိုးကျေးဇူးတွေအကြောင်းကိုရေးသားဖော်ပြထားပါတယ်။

အိုမီဂါသရီးဖက်တီးအက်ဆစ်ဟာ polyunsaturated fatty acids (PUFAs) အမျိုးအစားတစ်ရပ်ဖြစ်ပါတယ်။ သည် ဖက်တီးအက်ဆစ်အမျိုးအစားကို ငါးတွေ၊ ပင်လယ်စာတွေနဲ့ဟင်းသီးဟင်းရွက်ဆီအချို့မှာတွေ့ရပါတယ်။ သည်ဖက်တီးအက်ဆစ်ဟာ ခန္ဓာကိုယ်က ကိုယ်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လုပ်ငန်း စဉ်တွေကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့အတွက်အရေးပါပါတယ်။ သည်အကျိုးပြုအဆီတွေက ကြွက်သားတွေရဲ့လှုပ်ရှားလုပ်ဆောင်မှု ကိုတိုးတက် ကောင်းမွန်စေပြီး သွေးခဲတာကိုကာကွယ်ကာကွယ်ပေးနိုင်တဲ့အပြင် အစာချေစနစ်ကိုလည်း အထောက်အကူပြုပါတယ်။

ဆဲလ်ကွဲပွားတာနဲ့ဆဲလ်ကြီးထွားတာကိုလည်းအကူအညီပေးပါတယ်။ အိုမီဂါ သရီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလေ့လာမှုတော်တော်များများမှာ လေ့လာခဲ့ပြီးဖြစ်ပါတယ်။ သုတေသနအချို့မှာတော့ အိုမီဂါသရီးက နှလုံးသွေးကြောဆိုင်ရာဝေဒနာတွေနဲ့ အဆစ်အမြစ်ရောင်ရမ်း နာကျင်မှုဝေဒနာတွေကိုကာကွယ်ပေးနိုင်တယ်လို့သုံးသပ်ထားကြပါတယ်။

တရုတ်နိုင်ငံ Guangdong ပြည်နယ်မှာရှိတဲ့ Guangdong နည်းပညတက္ကသိုလ်က အယ်လန်ချောင် ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ အဝလွန်တာမျိုး မရှိဘဲ ဆီးချိုဝေဒနာခံစားနေရတဲ့ (NOD) ကြွက်တွေကို လေ့လာခဲ့ပါတယ်၊ လေ့လာမှုအတွင်း သုတေသီတွေဟာ ကြွက်တွေကို ပုံမှန်ကျွေးနေ ကျ အစား အသောက်တွေနဲ့ PUFAs ကြွယ်ဝစွာ ပါဝင်တဲ့ အစားအသောက်တွေကိုကျွေးမွေး ခဲ့ပါတယ်။

သည်ကြွက်တွေမှာမျိုးဗီဇ တိုးတက်ပြောင်းလဲမှု တွေကနေ တဆင့်ခန္ဓာကိုယ်ထဲမှာ အိုမီဂါသရီးပမာဏတိုးလာတာကိုတွေ့ရပါတယ်။ သုတေသနအဖွဲ့ဟာ ၃ လပြည့်တိုင်းမှာ ကြွက်လေးတွေရဲ့ ဂလူးကို့စ်ခံနိုင်စွမ်းနဲ့ အင်ဆူလင်ခံနိုင်စွမ်းတို့ကို လေ့လာခဲ့ပါတယ်။

သုတေသီတွေဟာ အမျိုးအစား-၁ ဆီးချိုရောဂါရဲ့လက္ခဏာရပ်တစ်ခုဖြစ်တဲ့ ပန်ကရိယအတွင်းကဆဲလ်တွေ ရောင်ရမ်းမှုရှိသလား ဆိုတာ ကိုလည်းလေ့လာ ခဲ့ပါတယ်။ သုတေသီတွေဟာ ကြွက်တွေဆီကနေသွေးနမူနာတွေရယူခဲ့ပြီး သွေးထဲက အင်ဆူလင်ပမာဏကိုလည်း တိုင်းတာခဲ့ပါတယ်။

လေ့လာမှုရလဒ်မှာ အိုမီဂါသရီးပါဝင်တဲ့အစားအသောက်တွေကိုစားသုံးတဲ့ကြွက်လေးတွေမှာ ဂလူးကို့စ်ဇီဝတွင်း ဖြစ်ပျက်ပြောင်းလဲမှုက သိသိသာသာ တိုးတက်ကောင်းမွန်တာကိုတွေ့ရှိရပြီး အမျိုးအစား-၁ ဆီးချိုရောဂါဖြစ်နိုင်ခြေ လျော့နည်းကျဆင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။

အိုမီဂါ သရီး ပါတဲ့အစားအစာတွေစားသုံးတဲ့ကြွက်လေးတွေမှာ beta ဆဲလ်တွေအသစ်ဖြစ်ပေါ်တဲ့လက္ခဏာတွေကို လည်း ချောင် နဲ့လုပ်ဖော် ကိုင်ဖက်တွေက တွေ့ရှိခဲ့ ပါတယ်။

[Ref:MNT; 5 April 2017]

From : ကုမုဒြာဂျာနယ် by မအေးသီမွန်

Originally published at - http://www.kumudranews.com

No comments:

Post a Comment