
ဓာတု ကုထုံးနှင့် ဓာတ်ရောင်ခြည် ကုထုံးတို့ ကဲ့သို့ ကင်ဆာ ရောဂါ အတွက် အသုံးပြု နေကျ ကုသနည်း များသည် ဈေးကြီးပြီး တစ်ခါ တစ်ရံ ထိရောက်မှု မရှိ ဖြစ်နိုင်သည်။
သို့သော် လေ့လာမှု တစ်ခု အရ ဗီတာမင်စီ ပမာဏမြင့်မားစွာ သောက်သုံးမှုနှင့် အတူ ကင်ဆာရောဂါ ကုသနည်းများဖြင့် ပေါင်းစပ် ကုသပါက ကင်ဆာရောဂါ သည်များ ကျန်းမာရေး အခြေအနေ ပိုကောင်းနိုင်ကြောင်း သိရသည်။
၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များ အတွင်းက နိုဗယ်ဆုရှင် လီနာ့စ် ပေါလင်းနှင့် ခွဲစိတ် ဆရာဝန် အက်ဝန် ကင်မရွန်းတို့က ကင်ဆာ ရောဂါသည်များကို ကုသရာတွင် ဗီတာမင်စီ၏ အကျိုးကျေးဇူး ရှိပုံ ကို ပထမဆုံး ဖော်ပြခဲ့သည်။
ယင်းနောက်ပိုင်း တိရစ္ဆာန်များနှင့် လေ့လာမှုအတွင်း ဗီတာမင် စီ ပမာဏမြင့်မားစွာသောက်သုံးခြင်းသည် ကင်ဆာရောဂါကို ကာ ကွယ်ကုသရန် အထောက် အကူဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။
မကြာမီက လေ့လာမှုများအတွင်း ဗီတာမင်စီပမာဏမြင့်မားစွာ သောက်သုံးမှုနှင့် ကင်ဆာရောဂါကုသမှုများ၏ စုပေါင်းရလဒ် ကို လေ့လာခဲ့သည်။
ယင်းကဲ့သို့ စုပေါင်းကုထုံးဖြင့် ကုသမှုခံယူသော ရောဂါသည် များတွင် ရောဂါပိုမိုဆိုးရွားလာမှုနှေးကွေးကြောင်း လေ့လာမှုများ က ဖော်ပြသည်။
သို့သော် ကင်ဆာရောဂါအတွက် ဓာတုကုထုံးဖြင့် ကုသမှုခံယူ မှုများ၌ ဗီတာမင်စီ၏ အစွမ်းလျော့နည်းကြောင်း သုတေသီများက ပြောသည်။
ဗီတာမင်စီသည် လူတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် နှစ်နာရီသာ ကြာရှည်ခံသောကြောင့် ကင်ဆာရောဂါသည်များကို ကုသရာ၌ ပမာဏများများပေးရန်လိုကြောင်း သုတေသီများက ပြောကြား သည်။
ဦးနှောက်ကင်ဆာရောဂါသည် ၁၁ ဦးကို ဗီတာမင်စီပမာဏ များများသောက်သုံးခိုင်းပြီး ကင်ဆာရောဂါကုထုံးများဖြင့် ကုသရာ မပြင်းထန်သော ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိသော်လည်း သာမန်ကုထုံးများဖြင့် ကုသခြင်းထက် အစွမ်းပိုထက်ကြောင်း တွေ့ ရှိခဲ့သည်ဟု သုတေသီများကပြောသည်။
—Ref: MNT
From : 7 Day daily News
Originally published at - http://www.7daydaily.com/story/93218

No comments:
Post a Comment